ကျွန်တော့် ရူပဗေဒဆရာမလေး အပိုင်း(၂)

1.7K 5 1
                                    

ကျနော်တို့မြို့က တောမြို့သာသာရယ်ဆိုတော့ကာ (ရပ်ကွက်တောင် စုစုပေါင်း ၁၀ ခုလောက်ပဲရှိတာကိုး) အဲ့လို ချစ်ရေးကြိုက်ရာ ကိစ္စတွေပေါ်လာရင် အဆင်သိပ်မပြေဘူးဗျ။ ပြောချင်တာက ယောကျာ်းလေးတစ်ယောက် မိန်းမပျိုတစ်ယောက်နဲ့ တွဲသွားတွဲလာ လုပ်တာ၊ အနားသွားကပ်တာ ဘာညာဖြစ်လာရင် တစ်မြို့လုံး သတင်းပျံ့ကုန်တာမျိုးကိုး။

ခင်ဗျားတို့သိတဲ့အတိုင်း ကျနော့်တစ်ဖက်သတ် ဇာတ်လမ်းကလည်း ရူပဗေဒဆရာမလေးဇာတ်လမ်း ဆိုတော့ကာ သူ့မှာလည်း ဂုဏ်သိက္ခာဆိုတာ ရှိနေလေတော့ကာ ထင်သလောက် မလွယ်ဘူးပေါ့ ညီအစ်ကိုတို့ရာ။ ဘယ်လိုပုံစံမျိုးနဲ့ ချဉ်းကပ်ရမလဲ စဉ်းစားလို့တောင် မရဘူးရယ်။ အပေါ်မှာ ရေးပြခဲ့တဲ့ ဈေးထဲမှာဆုံပြီး အတင်းလိုက်ကပ်တဲ့ ကိစ္စကလည်း အမြဲတမ်းကြုံတာမျိုး မဟုတ်ဘူးလေ။ ကြုံတိုင်းလည်း အတင်းလိုက်လို့ မဖြစ်ဘူး။ သောက်ပြဿနာတက်လိမ့်မယ်။ ဆရာမလေးက ရှက်ရှက်နဲ့ အိမ်လာတိုင်ရင် ကွိုင်မယ်။ ဉာဏ်နီဉာဏ်နက် အမျိုးမျိုးထုတ်တာလည်း စဉ်းစားလို့ကို မရဘူး။ လူက ရင်မောစပြုလာပြီ။

ကျနော့်ဘဝမှာ သူ့မတိုင်ခင်ရှိခဲ့ဖူးတဲ့ "ပီယာနိုဆရာမလေး" ဆိုတာ လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံတစ်ခုရယ်ထက် ပိုခဲ့ပေမယ့်လို့ (အချစ်ဦးကိုတော့ တစ်သက်မမေ့ဘူးပေါ့လေ) ရင်ဘတ်ထဲမှာ နင့်နင့်သည်းသည်း စပြီးခံစားဖူးတာ အခု ရူပဗေဒဆရာမလေးနဲ့မှဗျ။ တကယ်ပြောတာပါ။ ကျနော့်ဆိုက်ကိုက တစ်မျိုးကိုး။ ရှုတင်းတင်း ဘောက်ဆတ်ဆတ် မာကျောကျောတွေကိုဆို ရေလည်သဘောကျတာ အဟီး။

ကံကောင်းချင်တော့ တစ်ရက်မှာ ကျနော့်တပည့်ကျော်တွေထဲက အထက်တန်းကျောင်းသားတစ်ယောက်က ရူပဗေဒဘာသာတွဲမှာ တော်တော်အဆင်မပြေလို့ ကိုဖိုးသက် သင်ပေးပါဆိုပြီး ပူဆာလာတယ်ဗျ။ တပည့်ကျော်တွေဆိုတာက ဒီလိုလေ..။ ကျနော်က ရပ်ကွက်ထဲက ကလေးတွေကို ကုလားဖြူစာသင်ပေးနေတာ အဲ့ဒီတုန်းက။ ကိုယ်က ဘာမှသိပ်တတ်တာရယ်လို့တော့ မဟုတ်ဘူးပေါ့ဗျာ။ ပျင်းပျင်းနဲ့ အိမ်အလုပ်တွေအား၊ အသုဘဖဲဝိုင်းမဖြစ်တဲ့ အချိန်တွေဆို ချာတိတ်တွေခေါ်ပြီး အိမ်မှာ ကိုယ့်မှာရှိတဲ့ ကုလားဖြူပုံပြင်စာအုပ်တွေ ဖတ်ပြပြီး လျှောက်သင်တာပါ။ "စလေအညာက ပုလွေဆရာ" တို့ ဘာတို့ကနေ "တော်စတွိုင်း၏ဝတ္ထုတိုများ" အစရှိသဖြင့် ကိုယ်သင်ချင်တာတွေ လျှောက်သင်ပြီး ကလေးတွေကို ဆရာလုပ်တာပေါ့ဗျာ။ အဲ့ဒီချာတိတ်တွေထဲက ဆယ်တန်းကျောင်းသားတစ်ကောင် "ဖိုးထွေး" ဆိုတာ (နောက်တော့ ကျနော်နဲ့ရူပဗေဒဆရာမလေးကြားက အောင်သွယ်တော်ပေါ့) အဲ့ဒီချာတိတ်က ရူပဗေဒ သင်ပေးဖို့ ပူဆာလာတော့မှ ခေါင်းထဲမှာ ဖျတ်ကနဲ အကြံရသွားတော့တာဗျ။

ကျွန်တော့် ရူပဗေဒဆရာမလေးWhere stories live. Discover now