Part - 30 ( U + Z )

8.2K 511 120
                                    

Unicode

"စိုင်းနဲ့လက်ထပ်မယ် ဖေဖေ"

"တင်မမ! နင်ရူးနေလား!!"

"ဘာဖြစ်လို့လဲ ဖေဖေရဲ့ ။ ဖေဖေ တို့ဘဲစိုင်းနဲ့ စေ့စပ်ထားကြတာလေ"

ဦးတင်မောင် ပြောစရာစကားများ ပျောက်ရှကုန်၏ ။ မမှတ်မိတာ သိပေမယ့် ယခုလိုကြီး မေ့သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ ။

တင်မမ‌မောင် စကားကြောင့် အနီးတွင် ရပ်နေသည့် ဆု ကတော့အတော်လေး အံ့ဩရသည် ။ လက်ထပ်ပြီးသား အမျိုးသမီး ကနောက်တစ်ကြိမ် လက်ထပ်မည်တဲ့လား ။

"အ .. အဒေါ်ကြီး"

ဆု ၏ခေါ်သံကြောင့် တင်မမမောင် မျက်မှောင်ကြုံ့ရင်း လှည့်ကြည့်လာသည် ။

"တို့ကို အဒေါ်ကြီးလို့ ခေါ်တာ ဒီအိမ်မှာ ကလေးမတစ်ယောက်တည်း ရှိမယ်ထင်တယ် ။ ဘာလို့ အဒေါ်ကြီးလို့ခေါ်တာလဲ"

"ဆု .. ဆုခေါ်နေကျမို့လို့ပါ"

ခေါင်းငိုက်စိုက်ကာ ကျသွားသည့် ဆု ကြောင့် ဂရုဏာသက်မိသည် ။ သို့သော် တင်မမမောင် ထိုကလေးမ ကိုမမှတ်မိပေ ။

"ငါ သဘောမတူဘူး တင်မမမောင်"

"စိုင်းနဲ့လက်ထပ်ဖို့ကို ဘာဖြစ်လို့ ကန့်ကွက်နေတာလဲ ဖေဖေ ‌။ ဖေဖေတို့ စီစဉ်ခဲ့ကြတာ‌လေ"

"အခုမတူတော့ဘူး တင်မမမောင်ရဲ့ ။ ဟိုကလေးမလေးကို တွေ့လား"

ဦးတင်မောင်သည် ဆု ကိုလက်ညှိုးထိုးရင်း ထိုကဲ့သို့ဆိုလေသည် ။

"သူက ဒီအိမ်က အလုပ်သမားမဟုတ်ဘူးလား ။ သူကိုယ်တိုင် ‌ပြောခဲ့တာဘဲလေ"

"မဟုတ်ဘူး! သူက အလုပ်သမား မဟုတ်ဘူး!"

ဦးတင်မောင် မျက်လုံးကို စုံမှိတ်ချမိလိုက်သည် ။ အိမ်ရှိအလုပ်သမားများ အကုန် အနားတွင်ရှိကြ၏ ။ စိုင်းလွှမ်းကတော့ သူ့ရဲ့ အကြံအစည် ပျက်သွားမှာစိုးရိမ်မိသည် ။

"မမ .. ခဏလောက်အနားယူလိုက်ပါဦး ။ အခုမှ ဆေးရုံဆင်းလာတာဆိုတော့ မမ လည်းပင်ပန်းနေမှာ ။ စိုင်းတို့ မင်္ဂလာကိစ္စကို နောက်မှစီစဉ်ကျတာပေါ့နော်"

Mommy Wife (Completed)Kde žijí příběhy. Začni objevovat