"မနာလိုစိတ်တွေတော်တော်များများက 
မုဒိတာ မထားနိုင်ခြင်းကနေစလာပါတယ်။"

ကိုယ်မဟုတ်တဲ့အခြားသူတစ်ဦးက ကိုယ်နဲ့ဆင်တူတဲ့အလုပ်လုပ်လာတဲ့အခါ ၊ ကိုယ်ထက်သာသွားမှာ စိုးရိမ်လာတဲ့အခါ၊ ကိုယ်က သူ့လောက်ထင်ပေါ်မှုမရှိတော့တာကို ကြောက်လာတဲ့အခါမှာ မုဒိတာမထားနိုင်ခြင်းတွေဖြစ်လာတတ်ပါတယ် ။

လူတိုင်းမဖြူစင်နိုင်ကြပါဘူး။ ဒါပေမယ့် ကိုယ့်မှာဖြစ်တည်နေတဲ့ အဲ့ဒီလိုစိတ်တွေကို အထိန်းအကွပ်မလုပ်နိုင်တဲ့အခါမှာ အပြင်ကိုစိတ်ညစ်ပတ်တွေ လျှံထွက်လာတတ်တဲ့ အခိုက်အတန့်တွေရှိလာတတ်ပြန်တယ် ။ ဒီစိတ်တွေနဲ့ကြောင့်ပဲ မရေးသင့်တာတွေ ၊ မပြောသင့်တာတွေ ၊ မလုပ်သင့်တာတွေလုပ်မိကြတယ်။

ကိုယ်ဆိုလည်း လူထဲကလူမို့ တစ်ခါတစ်လေကျရင် ပေါ်လာတတ်တဲ့ စိတ်ညစ်ပတ်တွေရှိပါတယ် ။ ဒါပေမယ့် အမြဲဆေးချပစ်ဖို့ ကြိုးစားလုပ်ယူရတယ် ။ သူများနဲ့လိုက်ပြိုင် ၊ လိုက်တုလုပ်နေရတာက စိတ်ပင်ပန်းတယ်လို့ ခံစားရလို့ပါ။ ကိုယ့်ဖန်တီးမှုနဲ့ကိုယ် ကိုယ်ခြေလှမ်းလေးနဲ့ကိုယ် အေးအေးဆေးဆေးလေးပဲ သွားချင်လို့ပါ။

အပေါ်မှာပြောခဲ့သလိုပဲ သူများရဲ့ ဖြစ်တည်အောင်မြင်ခြင်းပေါ် မုဒိတာဆိုတာမပွားနိုင်ရင် မနာလိုဖြစ်လာတတ်တယ် ၊ တိုက်ခိုက်မှုခြေလှမ်းတွေ စလာနိုင်ပါတယ် ။ ကိုယ့်ကိုဘာမှမလုပ်ပဲ ကိုယ်နဲ့ဘာမှမပက်သက်ပဲ က်ိုယ်နဲ့ဘာမှမဆိုင်ပဲ အလုပ်လေးတူနေရုံ၊ သူများကိုလူပိုချစ်ရုံနဲ့ သွားပုပ်လေလွင့်ပြောပြီး ရိုက်ချတတ်တဲ့ လူတချို့တွေ့ဖူးတယ် ။ အဆိုးဆုံးက အဲ့ဒီလူတွေက မိန်းမချင်းကိုယ်ချင်းသိပ်စာပါတယ်ဆိုပြီး ကြွေးကြော်ပြီး လူတွေက ချစ်အောင် ၊သိပ်အားကျအောင် ဖန်တီးလုပ်ယူနေကြတဲ့သူတွေ ။

ကိုယ်နဲ့ လိုင်းလေးတူပြီထင်တာနဲ့ အုပ်စုလိုက် စုဖွဲ့ပြီး လိုင်းချော်အောင် တွန်းထုတ်ကြတာတွေကိုမြင်မိရင် ကိုယ်တွေလက်ရှိ အသိုင်းဝိုင်းလေးနဲ့ မိတ်ဆွေတစ်ချို့ကို ကျေးဇူးတင်တာပဲ။

ကိုယ့်အသားလေးကိုမထိပါပဲနဲ့ လိုက်တိုက်ခိုက်တတ်တာက ခွေးရူးတစ်ကောင် အလွတ်ရမ်းနေသလိုပါပဲ ။ ဒီခွေးရူးကို မထိန်းသိမ်းပေးတဲ့အပြင် ပိုရမ်းအောင် ရှုးတိုက်တတ်တဲ့ မိတ်ဆွေတွေရှိရင်တော့ ပိုဆိုးပြီပေါ့။ တကယ်ပညာတတ်တဲ့သူက သူ့အသားတကယ်နာမှ သူလိုအပ်တာကို ဘောင်ထဲကနေ နည်းလမ်းတကျနဲ့ တချက်ချင်းတုန့်ပြန်တတ်တာ ။

ဘဝနေနည်းတွေက သိပ်ပညာသားပါတာနော်။
Emotion တွေ Anger Management တွေမကောင်းရင် အလိုလို Level တွေက ထိုးကျကုန်ရော။ နေတတ်အောင်နေပြီး ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စတွေမှာ သေချာမသိပဲ ဝင်မရေးမပြောတာကလည်း မင်္ဂလာတစ်ပါးပဲနော် ။ ကိုယ်လည်း ဆင်ခြင်ပြင်ဆင်စရာတွေက အများကြီးပဲ ။
#မာရင်ရင်#မျှဝေ
  • JoinedMarch 8, 2023


Last Message
Yuri_Nai Yuri_Nai Apr 26, 2024 05:37AM
Daddy Wife Season 2 ရဲ့ Part 8 လေးကိုတင်ထားပါတယ်Noti မတက်ရင်ဝင်ဖတ်ပေးကြပါနော် 
View all Conversations

Stories by Nai
မေဘရဏီရဲ့ရွှေသုန္ဒရီ (Completed) by Yuri_Nai
မေဘရဏီရဲ့ရွှေသုန္ဒရီ (Completed)
ရွှေသုန္ဒရီကမေဘရဏီ အပိုင်ဖြစ်လို့ ဘယ်သူမှထိခွင့်မရှိဘူး (ဒေါ်မေဘရဏီ) မေဘရဏီနဲ့ရွှေသုန္ဒရီဟာ ထပ်တူကျလို့ ဘယ်သူ...
ranking #2 in gl See all rankings
Daddy Wife - Season 2 (Ongoing) by Yuri_Nai
Daddy Wife - Season 2 (Ongoing)
"ဒီဘဝမှာ မပေါင်းဖက်ရပေမယ့် နောင်ဘဝမှာတော့ သေချာပေါက် ပေါင်းဖက်စေရမယ် နောက်တစ်ကြိမ် နောက်တစ်ခေါက် ပြန်ရှင...
ranking #37 in lgbtfiction See all rankings
Daddy Wife - Season 1 (Completed) by Yuri_Nai
Daddy Wife - Season 1 (Completed)
"မောင်မငိုရဘူးနော် နာကျင်စွာမုန်းလိုက်ပါ" Own Creation ။ Starting Date - 24.8.2023 Ending Date - 15...
ranking #3 in lesbian See all rankings