- 5 -

95 22 16
                                    

"ဟျောင်း ~ ဒီရက်ပိုင်းတော့ ကျွန်တော် မအားတော့ဘူး"

ဖုန်းထဲက ဝွန်ဘင်း ပြောချင်တဲ့ စကားက ဘာလဲဆိုတာ ဆောင်းချန် နားလည်နေတာမို့

"အွန်း ~ ဟျောင်း သိပါတယ်။ ဝင်ခွင့် ဖြေရတော့မယ်မလား"

"ဟုတ်တယ် ဟျောင်း .. စိတ်ညစ်တာ စာတွေက အရမ်း ခက်တာပဲ"

"ဝွန်ဘင်းနီးက ဘာလုပ်လုပ် အကောင်းဆုံး လုပ်နိုင်တာမို့ ဖြေနိုင်မှာ။ ဟျောင်းကတော့ ယုံတယ်နော်"

"ဟီး .. နည်းနည်း အားရှိသွားပြီ~ အာ့ဆို ပိတ်ရက်မှ ဟျောင်း အိမ် လာလည်မယ်နော် ဒါပဲနော်"

ပြောပြောဆိုဆို ဖုန်းချသွားတာမို့ ဆောင်းချန်လည်း ပိတ်သွားတဲ့ ဖုန်းမျက်နှာပြင်ကို ကြည့်ပြီး တစ်ချက် ပြုံးလိုက်မိတယ်။

"ဂျောင်ဆောင်းချန်!"

ဘေးကနေ ရုတ်တရက် ကြားလိုက်ရတဲ့ နာမည် ခေါ်သံ အကျယ်ကြီးကြောင့် ဆောင်းချန် လှည့်ကြည့်မိလိုက်ချိန် စုံးအွန်းဆော့ ဖြစ်နေတာမို့ စိတ်ညစ်သလိုသာ ကြည့်လိုက်မိတော့တယ်။

"ဘာလဲ"

"အရေးတကြီး ကူညီဦး"

စုံးအွန်းဆော့ရဲ့ အရေးကြီးကိစ္စဆိုလျှင် တိုက်ကွန်ဒို သင်တန်းကိစ္စအပြင် တခြား မရှိ။

"ဘာကူရမှာလဲ"

"ကလေးတွေအတွက် လိုအပ်တဲ့ သင်ရိုးပြ ပစ္စည်းလေးတွေ သွားဝယ်ရမှာ လိုက်ခဲ့ပေး"

"ဪ ပစ္စည်းလိုက်သယ်ခိုင်းစေချင်တာပဲ"

"မင်းကလည်း တစ်ခါတလေကို"

သူငယ်ချင်းကောင်ရဲ့ ဆွယ်နေမှုကို ဆောင်းချန် နားမခံနိုင်တော့တာမို့ လိုက်လျောသလိုနဲ့ အွန်းဆော့နဲ့အတူ ဈေးဘက်ကို ပါလာခဲ့ရတော့တယ်။

လိုအပ်တာတွေက အတန်းတိုင်းအတွက်မို့ ပစ္စည်းတွေက တော်တော်တော့ များသား။ ဒီကောင် အဲ့လောက်မို့သာ သူ့ဆီ အကူအညီ လာတောင်းမှန်း ဆောင်းချန် ကောင်းကောင်း သိလိုက်တယ်။

"ပြီးရင် သင်တန်း ပြန်လိုက်ပို့ပေးဦး ငါ ဒါကြီးတွေနဲ့ ဘယ်လိုမှ အဆင်မပြေဘူး"

Chef 119Where stories live. Discover now