အပိုင်း ၂၄

833 72 15
                                    

အညိုယခုအချိန်တွင် စဉ်းစားရလွန်း၍ ခေါင်းများပင် ကိုက်ချင်လာသည်။ယခုအညို့အား လာပေးသောကလေးသည် မခိုင်နှင့်မည်သို့ပတ်သက်နေသနည်း။

ကလေးလာပေးသော အဒေါ်ကြီးက အညို့အား စာရွက်ခေါက်လေးတစ်ခုအား ကမ်းပေးလာသည်။ခြံထဲကဘုန်းဘုန်းဘုရားနှင့် ရွာသူရွာသားတွေကတော့ ပြန်ကုန်ကြလေပြီ။

“ဒီစာလေးကိုဖတ်ကြည့်လိုက်ရင်...အကုန်လုံးနားလည်သွားမယ်ထင်တယ်”

စားအားဖွင့်ကြည့်လိုက်ချိန်တွင် ခပ်သော့သော့လက်ရေးဖြင့်ရေးထားသောစာများ

သို့ အညို

       အညိုဒီစာကိုဖတ်နေတဲ့အချိန်မှာ မခိုင်ဒီလောကကြီးမှာရှိချင်မှရှိတော့မယ်။အရင်ဆုံးအညို့ကိုမခိုင်ပြောချင်တာက မခိုင်အညို့ကိုတောင်းပန်ပါတယ်။လူတွေပြောပြောနေကြ 'တစ်ခါသေဖူး ပျဉ်ဖိုးနားလည်'ဆိုတဲ့အတိုင်း ကိုယ်ကိုယ်တိုင်ခံစားလိုက်ရမှ နားလည်လာတယ်အညို။ပြီးတော့ ဝဠ်ဆိုတဲ့အမျိုးက တောင်ပတ်တာသာကြာတယ် လူပတ်တာမကြာဘူးဆိုသလို နောင်ဘဝမကူဘူးဆိုတာလည်း မခိုင်သိလာရတယ်။
        အညိုထွက်သွားပြီး အတော်လေးကြာတော့ မခိုင် ချစ်သူတစ်ယောက်ရခဲ့တယ်။ချစ်သူ၊ရည်းစားတို့အတိုင်း မခိုင်နဲ့သူနဲ့မှားခဲ့တယ်အညို။အဲ့ဒါတွေပြီးမှ မခိုင်သိလိုက်ရတာက သူ့မှာမိန်းမနဲ့ကလေးရှိတယ်တဲ့။မခိုင်သိလိုက်ရတဲ့အချိန်မှာအတော်လွန်နေပြီ။မခိုင်အဲ့အချိန်မှာတိုင်ပင်ဖို့ မခိုင်အနားမှာဘယ်သူမှမရှိခဲ့ဘူးအညို။မခိုင်တစ်ယောက်ထဲကမ္ဘာပျက်နေခဲ့ရတယ်အညို။ဒါတွေအားလုံးသိပြီးတဲ့အချိန် မခိုင်မှာကိုယ်ဝန်ရှိနေခဲ့ပြီ။ဖေဖေရဲ့အတ္တစိတ်ကို မခိုင်သိနေလို့ ဒီကိစ္စတွေသာဖေဖေသိသွားခဲ့ရင် ကလေးကိုတစ်ခုခုဖြစ်မှာဆိုးပြီး အိမ်နဲ့အဝေးဆုံးနေရာကိုမခိုင်ထွက်ပြေးခဲ့တယ်အညို။
         အခုမခိုင်မီးဖွားဖို့သိပ်မလိုတော့ဘူးအညို။စိတ်ရဲ့နှိပ်စက်မှုဒဏ်တွေကြောင့်ဖြစ်မယ်ထင်တယ်အညို အခုမခိုင်ကျန်းမာရေးလည်းသိပ်မကောင်းဘူး။အကယ်၍မခိုင်အကြောင်းတစ်ခုခုကြောင့် သေသွားခဲ့ရင် မဟုတ်ပါဘူး မခိုင်ကသေကိုသေမှာပါ အဲ့ခါကြရင် မခိုင်ရဲ့သားလေး ဒါမှမဟုတ် သမီးလေးကိုစောင့်ရှောက်ပေးပါကွယ်။အရင်ကအညို့အပေါ်မကောင်းခဲ့တာတွေကိုအညိုခွင့်လွှတ်ပေးပါကွယ်။

ပန်းပန်ရင်နန်းဆန်တယ် (Completed)Where stories live. Discover now