Pinkish Love----Episode [ 5 ]

2.1K 222 1
                                    

Pinkish Love ------Episode [ 5 ]💞💞

______________💞________________

Soo အပါအဝင် Chanyeol Oppa ရော စင်အောက်ကလူတွေရော ရုတ်တရတ် မုန်တိုင်းမွှေသလိုဝုန်းဒိုင်းကြဲပီး စင်ပေါ်တက် Soo ကိုဆွဲချသွားတဲ့ Kai ကိုကြောင်ကြည့်နေမိကြတယ်၊၊ အကုန်လုံးကအံ့အားသင့်ပီး ဘာဆိုဘာမှမလှုပ်ရှားရသေးခင်မှာ Kai ကပဲတရစပ် Soo ကိုထိုးစစ်ဆင်တော့တာ၊၊
စင်ရဲ့ဘေးမှာ Kai က Soo ရဲ့လက်ကိုဆွဲပီးဒေါသတကြီးအော်နေတာ

Kai>>>>>>> ငါ သိတယ် ငါသိနေခဲ့တယ် ဒီနေ့ ဒီလိုအခြေအနေတွေကိုကြိုမြင်နေခဲ့လို့နင့်ကိုငါတားခဲ့တာ၊၊ တောင်းပန်ခဲ့တာ၊၊ အခု နင့်ကို လူပုံအလည်မှာချီပီးတုပ်ပီးရိုက်တာ၊၊ ပြောစမ်းပါ နင်ကိုယ်တိုင်ကသာယာနေတာမလား နင်မငြင်းဘူးလေ နင်သူပေးတဲ့အဖိုးတန်လက်စွပ်ကိုမြင်ပီး ငြင်းဖို့မေ့နေတာလား နင်ပြောစမ်း ၊၊ နင့်ဘဝကိုအဲ့လိုငွေနဲ့ပေါက်ပီးသိမ်းမှာစိုးလို့ အစထဲကငါတားခဲ့တာကို နင်စောက်ဂရုနဲနဲမှမစိုက်ခဲ့တာ ဘာလို့လဲ ငါသိပီ နင်ကိုယ်တိုင်ကငွေတွေဂုဏ်တွေစည်းစိမ်တွေကိုမက်နေလို့မလား ငွေမက်မရဲ့......... Kai ဒေါသတွေပေါက်ကွဲလွန်းလို့ Soo ပခုံးကိုလက်နှစ်ဖက်နဲ့နဲ့ ဆောင့်ခါပီး ကိုင်ကိုင်လှုပ်နေမိ တယ်၊၊ အခုလောလောဆယ်သူ့စိတ်ထဲမှာ ဒီပွဲကြီးကိုတစ်စစီဖြစ်အောင်ဖျက်ပစ်ချင်နေမိသလို Park Chanyeol ဆိုတဲ့လူကိုလဲ လောကကြီးထဲကနေဖျောက်ဖျက်ပစ်လိုက်ချင်နေမိသည်၊၊

( Soo Pov ) Soo စိတ်ထဲမှာ ရှက်တာရော အံ့အောတာရော ထိတ်လန့်တာရော အားလုံးပေါင်းပီး Kai ပြောသမျှကိုဘာမှပြန်မတုံ့ပြန်နိုင်သေးဘူး၊၊ ဆွဲခါရမ်းလို့ မူးနေတာကတစ်မျိုး ရှက်လွန်းလို့ အငွေ့ပျံပီးပျောက်ကွယ်သွားချင်တဲ့စိတ်ကတစ်ဖုံ၊၊ Soo လုံးဝမထင်မှတ်ထားတဲ့ အရာကို သူလုပ်လာခဲ့တာကလဲ Soo ကိုဆွံ့အစေခဲ့တယ် အဲ့တာဘာလဲဆိုတော့ ဘယ်တော့မှသူလိုက်လေ့မရှိတဲ့ပွဲကို သူလိုက်လာတာပီးတော့ ပိုပီးထူးခြားတာက သူဝတ်ဆင်နေကြမဟုတ်တဲ့ Soo သူ့အတွက်ဝယ်ပေးထားတဲ့ဝတ်စုံကို သူဝတ်ပီးလိုက်လာခဲ့တာ အားလုံးအားလုံးစုပုံပီး Soo စိတ်ကိုတပြိုင်ထဲခံစားချက်မျိုးစုံအလုံးအရင်းနဲ့ဝင်ရောက်လာတော့ လူကအရုပ်ကြီးလိုပဲဘာတုန့်ပြန်မှုမှမလုပ်နိုင်သေးဘူး............. Soo စိတ်ထဲမှာနောက်ဆုံးသိလိုက်တာက လူတွေ ပွဲလာတဲ့ မြောက်များစွာသောလူတွေရဲ့ အထင်သေးသလို အံ့အောသလိုအကြည့်တွေ ၊၊ ပွဲခင်းအလယ်မှာ အံ့အောပီးမျက်စိအပြူးသားနဲ့ကြည့်နေတဲ့ Lulu ရဲ့ပုံရိပ်၊၊ စင်ပေါ်ကနေ စိတ်အနှောက်အယှက်အရမ်းဖြစ်နေတဲ့မျက်နှာနဲ့ Chanyeol Oppa... အဲ့တာတွေအားလုံးစုလိုက်တော့.............

Pinkish LoveWhere stories live. Discover now