2.2 >> ကောရဲ့ NO.1

175 19 5
                                    

" ဂျူးဒိတ်က နောက်အပတ်ထဲမှဆို ဘယ်လိုဖြစ်တာလဲ "

အစက နောက်အပတ်ထဲမှ မွေးဖို့ ပြင်ဆင်ထားကြပေမယ့် ရုတ်တရက်ဖြစ်လာတာမို့ သုံးယောက်လုံး ပြာယာသာခတ်လျက် ဆေးရုံကို ပြေးလာကြသည် ။
စန်းဖန့်ကောကတော့ စကားတောင် အများကြီးမပြောနိုင်ရှာ ၊

နာရီအချို့ ကုန်ဆုံးသွားပြီးနောက် ရှောင်ပေါင်းဟာ ဆေးရုံခန်းငယ်တစ်ခုမှာ နေရာရသွားသည် ။ ထန်စန်းဖန့်တစ်ယောက်ကတော့ ကျွန်တော်တို့နှစ်ယောက်ကို ရှိတယ်လို့တောင် မထင်တော့ဘဲ ရှောင်ပေါင်းကိုပဲ စကားတွေ တတွတ်တွတ်ပြောနေတော့တယ်

" နေသာရဲ့လား "

ရှောင်ပေါင်းက တကယ်ကို သန်မာတဲ့ ကလေးမလေးရယ်ပါ ။
အပြုံးမပျက်ဘဲ ပုံမှန်အတိုင်း သူတို့ကို ပြန်လည် စကားများနိုင်သေးတယ် ။

" သက်သာပါတယ် ခနတော့ အိပ်ချင်တယ် ကလေးကိုလည်းသွားကြည့်ချင်တာ မရသေးဘူးလား "

" ရရင် nurseမလေး လာပြောမယ်ထင်တယ် ရှောင်ပေါင်း ခနအိပ်နေနှင့်လေ နိုးလာမှ တူတူသွားကြည့်မယ် "

" ငါ့ညီမလေး ပင်ပန်းသွားပြီ "

ခနနေတော့ ရှောင်ပေါင်းက အိပ်ပျော်သွားပြီး သူတို့ကို သီးသန့်အခန်းမှာ ကလေးလေးကို ကြည့်လို့ရပြီဖြစ်ကြောင်း nurse မလေးက လာပြောတယ် ။ စန်းဖန့်ကောနဲ့ သူ့အမေက အရင်သွားကြပြီး ကျွန်တော်နဲ့ ကောနဲ့က ရှောင်ပေါင်းကို စောင့်လျက်ကျန်ခဲ့တယ် ။ ကျွန်တော်တို့ အခန်းက လူနာနှစ်ယောက်ခန်းဖြစ်ပြီး ဘေးကုတင်ကလည်း မကြာသေးခင်က မီးဖွားထားတဲ့ မိခင်ပဲဖြစ်သည် ။

သူမကတော့ သိပ်မကြာခင် ဆေးရုံဆင်းရမယ်လို့ထင်တယ် ။
ရှောင်ပေါင်းကို လာကြည့်တဲ့ လူနာစောင့်က ၄ ယောက်ပေမယ့် သူမကိုလာကြည့်တဲ့ လူနာစောင့်ကတော့ ခင်ပွန်းတစ်ယောက်တည်းသာ ။

" ကျွန်မသွားနိုင်နေပါပြီ ရှင်တွဲကူပေးစရာမလိုတော့ပါဘူးဆို"

" ကိုယ်က စိတ်ပူလို့လေ ဖြစ်နိုင်ရင် ချီခေါ်သွားချင်တယ် "

အမျိုးသားနဲ့ အမျိုးသမီးကလည်း သူတို့ ကလေးကို သွားကြည့်ဖို့ လုပ်နေတာဖြစ်ပြီး အမျိုးသားက သူ့မိန်းမကို အတော်လေး ဂရုစိုက်တဲ့ပုံပေါက်တယ် ။ ညားခါစလင်မယားလည်းဖြစ်ဟန်တူသလို သားဦးလေးလည်းဖြစ်လိမ့်မယ် ။
ထမင်းစားတုန်းကလည်း သူ့အမျိုးသမီးစားချင်တာတွေကို တယုတယလုပ်ပေးရှာတယ် ။ သန့်ရှင်းရေးနဲ့ ကလေးဝေယျာဝစ္စကအစ ထောင့်စေ့နေအောင် လုပ်နိုင်တဲ့ အမျိုးသားပဲ ။

unknown/ Dage  [ONGOING Fan Ver]Where stories live. Discover now