တရားမျှတမှုအား မေးခွန်းထုတ်ခြင်း

2 2 0
                                    

ငတုံးနဲ့ ဉာဏ်ကြီးရှင်တို့ရဲ့ မညီမျှခြင်းဟာ

တရားမျှတသော မညီမျှခြင်း ဖြစ်တယ်


ဆင်းရဲသားနဲ့ သူဌေးသားတို့ရဲ့ မညီမျှခြင်းဟာ

တရားမျှတသော မညီမျှခြင်း ဖြစ်တယ်


မသန်မစွမ်းနဲ့ သန်စွမ်းတို့ရဲ့ မညီမျှခြင်းဟာ

တရားမျှတသော မညီမျှခြင်းသာ ဖြစ်တယ်


ပရောဂမပါတဲ့ မညီမျှခြင်းဟာ

တရားမျှတသော မညီမျှခြင်း ဖြစ်တယ်


ကံစေတဲ့ ကံကြမ္မာမှာ

ဒါဆို ဘယ်လိုမျိုးက ညီမျှသော တရားမျှတမှုလဲ


ကြမ္မာဆန်သော ကြောင်းကျိုးဆက်ဆိုင်မှုတွေမှာ

ဒါဆို ဘယ်လိုမျိုးက ညီမျှသော တရားမျှတမှုလဲ


ကံကောင်းရင်စံ မကောင်းရင်ခံ

ဒါဆို ဘယ်လိုမျိုးက ညီမျှသော တရားမျှတမှုလဲ


စမှတ်နဲ့ ပြေးလမ်းကြောင်းက ဘယ်လိုလဲ

ဖန်ဆင်းရှင်က ဘယ်သူလဲ ဘာက တရားမျှတမှုလဲ

ဘယ်သူက ဘယ်လို တရားစီရင်လဲ။


နှောင်း


🎉 You've finished reading တရားမျှတမှုအား မေးခွန်းထုတ်ခြင်း 🎉
တရားမျှတမှုအား မေးခွန်းထုတ်ခြင်းWhere stories live. Discover now