အပိုင်း (၃၇)

5.8K 376 31
                                    

{Unicode}

ငါက မင်းတစ်ယောက်တည်း...ငါက မင်းတစ်ယောက်တည်းကိုပဲ
ချစ်တာ...။
ငါ့အချစ်ကို သံသယမဝင်နဲ့ ပျိုးငယ်...

***

နှစ်လကျော်မျှ လွန်မြောက်လေသော်...

အစ်ကိုကတော့ သာမန်အတိုင်းပင် ကျောင်းတက်လိုက် ကျောင်းပြန်နဲ့ပင် ရှိနေပေမယ့် ထူးခြားသည်က အစ်ကိုနဲ့ Queen နှစ်ယောက်က ပတ်သတ်မှု ရှိနေသည်ဟု...

The whole queen ရဲ့ IG မှာလည်း မထင်မရှားဆိုသလို အစ်ကို့ပုံစံတူများကို တွေ့နေရသည်...။ အစ်ကို ကြည့်ရတာတော့ ထူးခြားမှု မရှိပေမယ့် အခုနောက်ပိုင်း စာများလို့ ထင်သည်... ကျောင်းပြန်တာ နောက်ကျတာမျိုးတော့ ရှိသည်။

ဒါပေမယ့် အစ်ကိုက စာမေးပွဲ နီးပြီမို့ သိပ်ပြီးတော့ မမေးသေး... ပြီးမှသာ ကျွန်တော် မရှင်းလင်းသည့် အရာများအတွက် အစ်ကို့ကို မေးဖို့..

"ပျိုးငယ်... ကျောင်းခဏ သွားမယ်... လိုက်ခဲ့မယ်မလား?"

"ပျိုးငယ် အစ်ကို့အဝတ်အစားတွေ လျှော်ဖို့ ရှိသေးတယ်...နေခဲ့မယ်လေနော်..။"

"အဝတ်တွေက မလျှော်နဲ့ ပြီးမှ ငါ့ဘာသာ လျှော်လိုက်မယ်။ တကယ် မလိုက်ချင်တာလား? ပင်ပန်းမှာစိုးလို့လား?"

"အစ်ကိုက အဲ့ဒီမှာ စာသင်ချိန်နဲ့ဆိုတော့ ပျိုးငယ် စောင့်နေရတာ ပျင်းလို့လေ...။ ပြီးတော့ ပျိုးငယ်က နေ့လည်ဘက်တွေဆို ဇာတ်ကားကြည့်ချင်တာ...။ စိတ်ချ ဘယ်မှ မသွားပါဘူး...။ အစ်ကို စာမေးပွဲ ပြီးမှပဲ ပျိုးငယ်တို့ လျှောက်သွားကြမယ်လေနော်..."

ဒီနေ့ လုပ်စရာ ကိစ္စတစ်ချို့ ရှိတာမို့ အစ်ကို့နောက်ကို တမင်လိုက်မသွားဘဲ နေမိသည်။ အစ်ကိုကတော့ အတော်ကြာသည့်အထိ ကျွန်တော့်ကို ခေါ်ပေမယ့် ကျွန်တော့်ဘက်က မလိုက်ချင်မှန်း သိသည့်အခါမှာတော့ အရမ်းမခေါ်တော့...။

"ဒါဆို.. ဟိုက ပြီးတာနဲ့ ငါ ချက်ချင်း ပြန်လာခဲ့မယ်...။"

"ဟုတ်ကဲ့ အစ်ကို..."

အစ်ကိုကတော့ ကျွန်တော့်ကို နူတ်ဆက်သည့် အနေဖြင့် တစ်ချက်နမ်းရှိုက်ပြီးသည့် နောက် သူ့ဆိုင်ကယ်ဖြင့်ပင် ထွက်သွားလေသည်။

မင်းက ငါ့မိန်းမဖြစ်လာမယ့်သူ (s2- complete)Where stories live. Discover now