part(14)

155 6 0
                                    

အပိုင်း(၁၄)
ညက တဖြည်းဖြည်းနက်သည်ထက်နက်လာလေသည်။လက်မှာ သံကြိုးချည်ကာ မတ်တပ် တုတ်နှောင် ခံထားရသည့် အဲလက်မှာ လက်တွေကအစ နာကျင်ညောင်းညာနေသည်။တိုင်တွေကြားထဲက တိုက်နေသည့် လေအေးတွေကလည်း အေးပြီးစိမ့်နေပေမယ့် လီယိုက ဖက်ပေးထားတာကြောင့် နေသာထိုင်သာ ရှိသေးသည်။

တဖြည်းဖြည်း အာရုံကို စုစည်းကာ မှော်အစွမ်းသုံးလို့ ရမရ စမ်းကြည့်နေမိသည်။

"စစ်သူကြီး ရောအဆင်မှပြေရဲ့လား?"

လို့ မှင်စာဘုရင်လေးအဲလက် စိတ်ထဲကနေ တွေးတောကာ စိတ်ပူ‌ နေမိသည်။

မှင်စာ စစ်သူကြီး
ဒီနေ့တနေ့လုံး အဲ့ဒီ အကျဉ်းထောင်နှင့် အနီးတဝိုက်ကို စောင့်ကြည့်နေခဲ့သည်။အကျဉ်း‌ေထာင်ထဲမှ အရှင်အဲလက် ထွက်မလာသေးတာကိုလည်း မြင်နေရသည်။အကာအကွယ် အစီအရင်သည် အနီးနားမှ ဘုရားကျောင်းဆီမှ လာနေတာ ဖြစ်နိုင်သည်။

အခုလို လူခြေတိတ်ချိန်မှာ အမှောင်ထုကို အကာအကွယ်ယူကာ ဘုရားကျောင်းထဲသို့ တိတ်တဆိတ်ဝင်လာခဲ့သည်။အကာအကွယ် အစီအရင်က
ဘုရား‌ေကျာင်း၏
ဘယ်နေရာကနေ လာနေတာပါလိမ့်။

ဟော
ဘုရားကျောင်း၏ ကွင်းပြင်ကျယ်၌ လရောင်၏ အလင်းဖြင့် ပွဲပေးနေသည့် ဆရာတော် တပါးကို မြင်လိုက်ရသည်။

တခုခုကို ရွတ်ဆိုကာ ပုတီးစိပ်နေလေသည်။သစ်ပင်တပင်၏ အကွယ်မှ နေ၍ ထို ဆရာတော် ထွက်အသွားကိုသာ စောင့်ရန် ရှိတော့သည်။ဤ အစီအရင်အောက်၌ မှင်စာတို့၏ မှော်အစွမ်းတွေက အသုံးမဝင်တာကို သိနေသည်လေ။

အကျဉ်းထောင်၏ အာရုဏ်တက်ချိန်

အာရုဏ်တက်ချိန်၌ အကျဉ်းထောင် အစောင့် များ အပြောင်း အလဲ လုပ်သည့် အချိန်ဖြစ်သည်။အစောင့် အသစ်‌တွေ ရောက်လာလေသည်။

"မှင်စာ ဘုရင်ဆိုတဲ့ ကောင်ကို ဖမ်းမိထားတယ်တဲ့လေ။"

"ဟုတ်လား ငါတို့ သွားကြည့်ရအောင်"

"ဝိုး မှင်စာ ဘုရင်ဆိုတဲ့ ကောင်က ချောလိုက်တာ ရော"

အချုပ်ခန်းတံခါးကို ဖွင့်ကာ ဝင်လာကြပြီး အဲလက်၏ ဆံပင်လေးတွေ၊လှပသော မျက်နှာသွယ်လေး၊နှုတ်ခမ်းလေးတွေကို ကြည့်ကာ ပြောဆိုနေကြသည်။

ပြောရင်းကနေ ဆံပင်လေးတွေကို ကိုင်ကြည့်နေတာမို့ လီယို က သည်းမခံနိုင်အောင် ဖြစ်ကာ ခြေထောက်နှင့် နှစ်ဆင့်စီ ဖြတ်ကန် လိုက်မိတာမို့ အစောင့် နှစ်ယောက်မှာ လဲကျမေ့မြောသွားလေသည်။လီယိုက အစောင့်တွေဆီက သော့ကို ယူကာ အဲလက်ကို ချည်နှောင်ထားသော သံကြိုးသော့ ကို ဖွင့်ပေးလိုက်လေသည်။အချုပ်ခန်းတံခါးက လည်း ဖွင့်ထားရက်ကြီး ဖြစ်နေတာကြောင့် နှစ်ယောက်သား တယောက်၏ လက်ကို တယောက်က ဆွဲကာ ထွက်ပြေးလာခဲ့ကြသည်။

အစောင့်တွေကို လှည့်ပတ်ရှောင်ပြီး ပြေးလာကြပေမယ့် အစောင့် ခေါင်းဆောင်ဖြစ်သူနှင့် ပက်ပင်းတိုးတော့သည်။

"ဟေ့ ဟေ့ အချုပ်သားတွေ လွတ်လာပြီ။လာဖမ်းကြ"

သူ့အော်သံကြောင့် အစောင့်တွေ ဝိုင်းလာတော့သည်။
အဲလက်နှင့် လီယိုတို့လည်း တယောက်ကို တယောက် ကြည့်လိုက်မိကြသည်။

မှင်စာစစ်သူကြီး
အာရုဏ်တက်ချိန်ထိ စောင့်နေပြီးမှ ဆရာတော်က အတွင်းဆောင်သို့ လှမ်းကြွသွားလေသည်။နောက်ဆရာတော်တပါး မလာခင် အစီအရင်တွေကို အမြန်ဆုံး နေရာအပြောင်းအလဲ လုပ်ပစ်လိုက်သည်။လုပ်ပြီးသည်နှင့် တပြိုင်နက် သူ၏ မှော်အစွမ်းက အသုံးပြု၍ ရသွားလေသည်။

"အရှင်အဲလက် အနီးသို့ ရောက်စေ"

ဟု မန်းမှုတ်လိုက်သည်နှင့် အချုပ်ထောင် အဝ၌ လူဝိုင်းခံနေရသည့်
အဲလက်နှင့် လီယို၏ အနီးသို့ ရောက်လာလေသည်။

"ဟင် မှင်စာစစ်သူကြီး"

မှင်စာ စစ်သူကြီးကို မြင်လိုက်ရသည်နှင့် မှင်စာ ဘုရင်လေးအဲလက်လည်း မှော်စွမ်းအား ကို အသုံးချလို့ ရသွာမှန်း သိသွားတော့သည်။

သူ၏ ဖန်လုံးလေးကို ဖြုတ်ယူလိုက်ပြီး
"စစ်သည်တော်လေး ၏ အိမ်ဆီသို့ ရောက်စေ"
ဟု မန်းမှုတ်လိုက်လေသည်။

Author Thinn Thinn Su Hlaing
11:05 PM

စစ်သည်တော်လေးကို အချစ်သုံ့ပန်းအဖြစ် ဖမ်းခဲ့တယ်(Complete)🚨Where stories live. Discover now