ပြည့်တန်ဆာ

632 81 15
                                    


Part 13✨

ဗွမ်း!!!

"အမေ့!!!"

"ဟား ဟား ဟား!!"

"အစ်ကိုဆော့ဂျင်ဒီဘက်ထွက်လာတာတွေ့လို့လိုက်လာတာလေ တကယ်ပဲ ကျွန်တော်လိုက်လာတာကို မသိတာလား"

"ဘယ်လိုလုပ်သိမလဲ အသံမှမပေးတာ"

"စချင်လာလို့ပါအစ်ကိုဆော့ဂျင်ရဲ့ တကယ်ပဲ တစ်ခုလုပ်ရင် အဲ့တစ်ခုကိုပဲ အာရုံစိုက်နေတော့တာပဲ"

"အစ်ကိုဆော့ဂျင်~"

"ဟမ်"

"အစ်ကိုရော ရေကူးတတ်လား"

"ဟင့်အင်း မကူးတတ်ဘူး"

"တကယ်ကြီးလား ရေကူးမသင်ဖူးဘူးလား သင်ရောသင်ချင်လား"

"ဂျောင်မင်းက အိမ်မှာဘာလို့ရှိနေတာလဲ အပြင်မသွားဘူးလား"

"ဘာလို့လဲ ကျွန်တော်ရှိတာမကြိုက်လို့လား"

"မဟုတ်ပါဘူး အစ်ကိုဒီရောက်ထဲက ဂျောင်မင်းကို အိမ်မှာသိပ်မတွေ့ဘူးလေ ပြီးတော့ ဖိုးဖိုးကလည်း ပြောတယ် ဂျောင်မင်းက အိမ်မကပ်ဘူးတဲ့"

"ဖိုးဖိုးဆိုတာ ဘယ်သူ..
သြော်..အိမ်တော်ထိန်းမင်ကို ပြောတာလား"

"အင်းလေ"

"ဟား ဟား အစ်ကိုကတော့ ဘယ်လိုတောင်..."

"ထားပါ အစ်ကိုဆော့ဂျင် ရေကူးသင်မလား ကျွန်တော်သင်ပေးမယ်လေ"

"သင်တော့ သင်ချင်ပေမယ့်"

"အာ အစ်ကိုကလည်း သင်ချင်တာပဲ သင်ပေါ့ ဘာဖြစ်လဲ"

"ဒါပေ...

ဗွမ်း!!!!

"အမေ့!!!!!"

ဆော့ဂျင်စကားပြောနေတုန်း ဂျောင်မင်းက ရေကန်ထဲဆွဲချလိုက်ခြင်း

"အဟွတ် အဟွတ်"

"အစ်ကိုဆော့ဂျင် ရရဲ့လား"

"ရ ရတယ်"

"ဘယ်လိုလဲ အစ်ကိုဆော့ဂျင် သင်မှာလား ကျွန်တော်နဲ့"

"ဟင့်အင်း"

"ဘာလို့လဲ အစ်ကိုဆော့ဂျင်ကလည်း"

"ရေကူးရတာ ဝါသနာမပါလို့"

ပြည့်တန်ဆာWhere stories live. Discover now