7 (Zawgyi) - come back

25 0 0
                                    

ယွန်းထည်လုပ်ငန်းသို့သွား‌ရောက်စိစစ်ပြီး ရွှေစည်းခုံဘုရားအနီးမှ လက်ဖက်ရည်ဆိုင်ထဲတွင် ဦးစိုးဝင်း လက်ဖက်ရည်ဝင်သောက်ပြီး ဆိုင်ထဲမှ ထွက်လာခဲ့သည်။

ဘုရားဖူးခရီးသွားဟုထင်ရသည့် ကောင်လေးတစ်ယောက် သူ၏ကားအနီးတွင် ဟိုကြည့်ဒီကြည့်နှင့် ယောင်လည်လည် ဖြစ်နေလေသည်။

"ငါ့တူကိုကြည့်ရတာ ဘုရားဖူးဧည့်သည်ထင်ပါရဲ့။ ဘာလိုအပ်လို့လဲ ငါ့တူ"

ဦးစိုးဝင်းအသံကို ကြားလိုက်ချိန်တွင် ထိုကောင်လေးက ဦးစိုးဝင်းဘက်သို့ လှည့်လာခဲ့လေသည်။

ထို့နောက် ကောင်လေးက ဦးစိုးဝင်းကို ဝမ်းသာအားရပြုံးကာ ကြည့်လိုက်လေသည်။

"စိုးဝင်း...အယ်..ဦးလေးက စိုးဝင်းမဟုတ်လားဟင်"

ကောင်လေးမှာ သူ့သားများနှင့် ရွယ်တူ အသက်(၂၀) လောက်သာရှိသေးသည်ကို သူ့အား စိုးဝင်းဟုခေါ်လိုက်သောကြောင့် ကြောင်သွားလေသည်။

"ကျွန်တော်ပါ ကိုကိုမောင်လေ။ မမှတ်မိဘူးလား။ ဆောရီး..ကျွန်တော်မေ့သွားတယ်။ ကျွန်တော်က ကိုကိုမောင်ဘဝတုန်းက ရုပ်မှမဟုတ်တော့ဘဲ။ ဘယ်မှတ်မိပါ့မလဲလေ"

ဦးစိုးဝင်းက ရယ်လေသည်။

"ဒီမယ် ကောင်လေး။ ဘာတွေအကြောင်ရိုက်နေတာလဲ။ ငါ့ဆရာနဲ့ သူ့ချစ်သူက မြစ်လယ်ခေါင်မှာ အတူသေသွားကြတာလေ။ နောက်ပြီး သူတို့က ငါတို့ဆီမှာ အခု လူလာပြန်ဝင်စားနေကြပြီပဲ။ မင်းငါ့ကို ဘာတွေ တစ်ပတ်ရိုက်နေတာလဲ"

ဦးစိုးဝင်းမှာ ထိုကောင်လေးကို မရဲတရဲကြည့်ကာ တုန်လှုပ်သည့်အသံနှင့် ပြောနေလေသည်။

"ကျွန်တော်တကယ်ပြောနေတာပါ။ စိုး..အယ်လေ ဦးစိုးဝင်းပဲ စဉ်းစားကြည့်ပါ။ ကျွန်တော့်ကို ဟိုး.. ကရင်ပြည်နယ်ဆိုတဲ့ အဝေးကြီးမှာ မွေးခဲ့တာပါ။ ဒီပုဂံမြေကအကြောင်းကို ဘယ်လိုအကြောင်းပြချက်နဲ့ ဒီပုဂံက အကြောင်းတွေသိနိုင်ပြီး ဦးလေးကို ဘာကိစ္စလာလိမ်ရမှာလဲ"

ဦးစိုးဝင်းကြောက်နေမိသည်။

ကိုကိုမောင်နှင့် ‌နွေနှောင်းတို့အသုဘကိစ္စပြီးချိန်က လှေလုပ်ငန်းမှ အလုပ်သမားများအရှေ့တွင် ကိုကိုမောင်က ပိုင်ဆိုင်မှုများကို သူ့အားအကုန်လွှဲပြောင်းပေးထားခဲ့ကြောင်းပြောခဲ့သည်။

အိုဘယ့်...ရွှေညာမြေ (Ongoing)Where stories live. Discover now