အပိုင်း ၁၇

1.6K 90 2
                                    

အပြင်ဘက်မှာမိုးဆွေဆွေလေးရွာနေတော့ တယောက်သောသူကိုအလွမ်းပိုရသည်။ ရှင်းပြတာကိုနားမထောင်ပဲဇွတ်အတင်းအိမ်ပေါ်ကဆင်းလာမိတာကိုနောင်တရချင်သလိုတောင်ဖစ်လာပီ ချစ်မိတဲ့သူဆိုတော့လဲ သူအကြောင်းပဲတချိန်လုံးတွေးနေရတာ အမော မောင် မင်းကတော့ငါ့ကိုပစ်ထားရက်တရ်နော် ပြန်တောင်လာမခေါ်သလိုလာလဲမချော့ဘူး အိမ်ပေါ်ကငါ့သဘောနဲ့ငါဆင်းတရ်ဆိုပေမဲ့ လာမခေါ်ပဲတော့အိမ်ပြန်မလာချင်ပါဘူး ငါ့မှာလဲမာနလေးတော့ရှိတာပေါ့ ကြည့်ထား မင်းပြန်လာခေါ်ရဲခေါ်ကြည့်တခါထည်းပြန်လိုက်ပြမရ်

"ဟွန့် မင်းကိုလွမ်းတရ်လို့အရူးကောင်ရဲ့ "

တယောက်ထဲအခန်းပြတင်းပေါက်ကနေအိမ်ရှေ့ဇွန်ပန်းရုံလေးကိုကြည့်ကာတိုးတိုးလေးရေရွတ်လိုက်သည်။ မျက်နှာမှာလဲ လွမ်းရိပ်တွေဝေလို့

"အဟမ်း ပြန်ချင်နေပီမလားဒါနဲ့များအိမ်ပေါ်ကဆင်းလာသေးတရ်အံ့ပ"

နောက်ကခနဲ့သံနဲ့ပြောလာတဲ့ အိမွန်ကြောင့် ပန်းချီလွမ်းနေနဲ့စိတ်တောင်ဘယ်ရောက်သွားလဲမသိ သူ့အကြောင်းသိလာလို့ လာလှောင်တာရှိမှာပေါ့ ဟွန့်ကောင်မစုတ်

"အိမွန် နင်နော်"

"ဘာလဲမဟုပ်လို့လား ငါလာတာတောင်မသိ
ယောကျာ်း ကိုလွမ်းနေလိုက်တာ မျက်နှာက ဇီးရွက်လောက်ပဲရှိတော့တရ်"

"အေးပေါ့ လွမ်းတဲ့ဒဏ်လို နင့်လိုရည်းစားမရှိတဲ့သူကဘယ်သိမလဲ ငါကငါယောကျာ်းလွမ်းစရာရှိလို့လွမ်းတာဘာဖစ်လဲ"

"အမယ်လေး စွာလိုက်တာဆိုတာ ဘယ်သူ့အားကိုးနဲ့ဘာလဲပြော"

"ငါ့ယောကျာ်းလွင်မင်းသက်ပိုင် အားကိုးနဲ့ပေါ့"

"အော် အတော်အားကိုးရလို့ အိမ်ပေါ်ကဆင်းလာတာပေါ့ဟုလား"

"ငါကဆင်းချင်လို့ဆင်းလာတာမဟုဘူး အချော့ခံချင်လို့"

"ဟုလား လာချော့ပီးပီလားအ့ဆို"

"ဟို ဟို သူမအားသေးလို့ပေါ့ လာမှာပေါ့"

"အော်အေးပါ စိတ်ကောက်နေသူကကောက်နေပေမဲ့ လာမချော့ရင်ရှက်စရာကြီးနော့် "

ငါ့ယောကျာ်း ကြက်သမားWhere stories live. Discover now