Ep2

4K 162 1
                                    

ဖြစ်သမျှအကြောင်းအကောင်းချည်းဘဲမှတ်တဲ့....

''ထွီ.....ငါကဘာကိုအကောင်းမှတ်ရမှာလဲ''

ဝီစကီခွက်ကိုနံရံဆီပစ်ခွဲရင်းဒေါသကိုပေါက်ကွဲနေသူဟာ...လင်းသူရိန်........
မြတ်နိုးရတဲ့မိန်းကလေးနဲ့လက်ထပ်ခါနီးမှအလုယူခံလိုက်ရသည့်ခံစားချက်က.....ရင်ကိုအစိမ်းလိုက်အခွဲခံလိုက်ရသလိုပင်......

ပိုဆိုးသည်က...ညိမ်းနဲ့အတူပါလာမဲ့သူ့မိဘတွေနဲ့ပိုင်ဆိုင်မှုကိုမရတော့တာပင်....အကြွေးတွင်းထဲနစ်နေသောသူ့လုပ်ငန်းများတွက်ညိမ်းမိဘတွေရဲ့ချမ်းသာကြွယ်ဝမှုကလည်းအတိုင်းတာတစ်ခုထိလိုအပ်၏

''တောက်....သံဇယ်လွင်...... မင်းကဘာမို့လို့ငါ့လက်ထဲကနေညိမ်းကလုရဲတာလဲ.......လက်ထပ်လိုက်တာနဲ့မင်းအပိုင်ဖြစ်ရောလား..........မင်းလက်ထဲကနေ
ညိမ်းကိုငါမရရအောင်ပြန်လုပြမယ်''

တစ်ယောက်ထဲဆွေးနေခိုက်အခန်းထဲဝင်လာသူဟာ.....ဝတ်ရည်ချို......
ညိမ်းနဲ့တွဲနေစဉ်ထဲက...လင်းသူရိန်ဟာဝတ်ရည်ချိုနဲ့ခိုးစားနေကြတာဖြစ်သည်....

ဝတ်ရည်ချိုဟာညိမ်းလောက်တော့သူ့စိတ်ကိုမဖမ်းစားနိုင်ပေမဲ့......ပုထုစဉ်လူသားတစ်ယောက်တွက်တော့ကာမဂုဏ်ကိုပေးစွမ်းနိုင်တဲ့မိန်းမတစ်ယောက်မို့သူသာယာမိပါသည်

''ကိုကြီး...ဘာတွေပူလောင်နေတာလဲ''

''မင်းလည်းကြားပြီးရောပေါ့.....ငါ့လက်ထပ်ပွဲအကြောင်း''

''ဟင့်....ကြားပြီးပါပြီ.......ကိုကြီးသိပ်ဝမ်းနည်းနေမှာပေါ့နော်.......''

ဝတ်ရည်ချိုကသူ့လက်မောင်းကြားထဲခိုဝင်ရင်း

''ဒီညတော့ကိုကြီးစိတ်ညစ်တာတွေပျောက်သွားအောင်ဝတ်ရည်ပြုစုပေးပါရစေ.....''

''မင်းတတ်နိုင်ရင်လုပ်ပေါ့ကွာ''
,......,............................,.......................,.......,

''ငါ့နားကပ်မလာနဲ့သံဇယ်လွင်''

ညကဒင်းဟာညိမ်းကိုမေ့ဆေးသုံးပြီး...ညိမ်းရဲ့အပျိုရည်ကိုအရယူခဲ့တယ်တဲ့လေ.....
ဘယ်လောက်တောင်အောက်တန်းကျလိုက်တဲ့လုပ်ရပ်လဲ.....

''ဆေးလာပေးတာ......ဆေးမသောက်ရင်အန်တီညိမ်းဖျားလိမ့်မယ်''

''မခေါ်နဲ့.... မင်းပါးစပ်ကငါ့နာမည်ကိုမခေါ်နဲ့.....သနလို့''

My dearest ladyWhere stories live. Discover now