Part.16(uni)

1.8K 55 0
                                    


နောက်ရက်မှာပဲယုတစ်ယောက် သခင်တို့အိမ်သို့ရောက်လာ၏။
ကြွေ့ရဲ့ကိစ္စကသူမတမင်အကွက်ကျကျစီစဥ်ထားကြောင်းကိုလာပြီးဝန်ခံတာပါ။

သူမစကားဆုံးသည်နှင့်ဒေါ်ဒေဝီမိုးက

''မင်းတော်တော်ယုတ်မာတာပဲယုနဒီဦး မင်းကြောင့်ငါတို့မိသားစုမှဘာတွေဖြစ်ခဲ့လဲသိလား''

''ယုတောင်းပန်ပါတယ်အန်တီရယ်''

''ဘာမှအပိုတွေလာပြောမနေနဲ့ မင်းကိုရိုးရိုးသားသားလေးမှတ်တာ လက်စသတ်တော့မင်းကမျက်နှာဖုံးနဲ့မိန်းမပဲ လူတစ်ယောက်ကိုအပေါ်ယံကြည့်ပြီးဆုံးဖြတ်လို့မရဘူးဆိုတာတစ်ကယ်မှန်တာပဲ''

ယုမှပြောစရာစကားပင်မရှိတော့ပေ။

ဒေါ်ဒေဝီမိုးကဆက်ပြီး

''မင်းငါ့ချွေးမကိုခုထိမတောင်းပန်သေးဘူးနော်''

ယုရဲ့အကြည့်ကသခင်နဲ့အတူယှဥ်တွဲထိုင်နေသောကြွေ့ထံသို့ရောက်လာလေ၏။

''တို့တောင်းပန်ပါတယ်ကြွေ''

''ရှင့်ကြောင့်ဦးနဲ့ကျွန်မစကားများခဲ့ကြရင်တော့ရှင်တောင်းပန်တာကိုလက်ခံချင်မှလက်ခံလိမ့်မယ် အခုကဦးနဲ့ကျွန်မကပိုပြီးချစ်လာတာမို့ရှင်တောင်းပန်တာကိုလက်ခံတယ် ပြီးတော့ပြန်ပြီးကျေးဇူးတင်တယ် အခုကျွန်မနဲ့ဦးကအရင်ကထက်ပိုပြီးချစ်လာကြလို့''

ကြွေ သူမအားတစ်ကယ်ပဲကျေးဇူးတင်တာပါ။
ခုလိုပြဿနာတွေတက်သွားမှပဲတစ်ယောက်ရင်ထဲမှာရှိနေတာကိုတစ်​ယောက်ကသိခွင့်ရခဲ့တာလေ။

ယုပြန်သွားသည်နှင့်ဒေါ်ဒေဝီမိုးက​ဦးနေသခင်အား

''ဒီမှာ ရှင်လည်းကြွေ့ကိုပြန်တောင်းပန်လေ အမှားအမှန်သေချာမသိဘဲဇွတ်တွေစွပ်စွဲထားတာ အခုပြန်တောင်းပန်''

ဟု​ပြောတော့ဦးနေသခင်ကမျက်စိပျက်မျက်နှာပျက်နှင့်

''တောင်းပန်ပါတယ် အန်ကယ်လွန်သွားတယ်''

''ရပါတယ် ကြွေစိတ်ထဲမထားပါဘူး ကြွေကဦးသာယုံနေရင်ရပြီ ဟီးး''

သူမစကားကြားတော့အကုန်လုံးကပြုံးစေ့စေ့​တွေနှင့်။

''အခုအားလုံးရှင်းသွားပြီဆိုတော့မေမေလည်းတော်တော်ကိုစိတ်ချမ်းသာသွားပြီ ပြီးတော့အခုပြဿနာအပြီးမှာ လူတိုင်းကိုလျှော့မတွက်သင့်ဘူးဆိုတာပါသိလိုက်ရတယ်''

မာယာကြွယ်တဲ့ငါ့ရဲ့ကြင်ယာ[completed]Onde histórias criam vida. Descubra agora