Part 2 (Uni & Zawgyi)

3.3K 20 0
                                    

Unicode

တခြားသူတွေအတွက် မနက်ခင်းဟာ ဆောင်းရာသီဖြစ်တဲ့အတွက် လေပြေအေးတိုက်ပြီး သာယာတဲ့မနက်ခင်းဖြစ်ပေမဲ့ Rayden အတွက်ကတော့ အတော်ကျက်သရေတုံးပါသည်။

မနေ့ညက condo မှာနေရင်း မမနဲ့ video call ပြောတော့ မမနဲ့အတူ လက်ထပ် ပေးမဲ့သူက Allen Edison ဆိုတာ သိပြီး ဒီနေ့ အဲ့ကောင်နဲ့စာရင်းသွားရှင်းမလို့ပင်။

သူစုံစမ်းရ​သလောက်ကတော့ Allen Edison က မနက်ဆို Hotel မှာ မနက်စာ စားသည်ဆိုတဲ့အချက်ပဲ။

ကိုယ့်ဘက်က သွားရှာပြီးစာရင်းရှင်းရသည်ဆိုတာက သူ့အတွက်တော့ တော်တော်အောက်တဲ့ကိစ္စဖြစ်ပေမဲ့လဲ မတက်နိုင်။

Rayden Hotel ကိုရောက်တော့ အဝင်ဝမှာတင် သာမန်ဝန်ထမ်းမဟုတ်တဲ့အစောင့်နှစ်ယောက်ကိုတွေ့လိုက်သဖြင့် Allen ဆိုသည့်လူ ရှိနေသည်ဆိုတာ ပို၍သေချာသွားသည်။

ကောင်တာက ဝန်ထမ်းတွေကို ဒယ်ဒီ့ရဲ့ နာမည် သုံးလိုက်တာကြောင့်တာ အလွယ်တကူ Allen ဆိုတဲ့လူ ရှိတဲ့နေရာကို ပြောပြပေမဲ့ ဒီတိုင်းသွားမေးရင် မလွယ်လှ။

ဝန်ထမ်းမိန်းကလေးတွေ ပြောသည့်အတိုင်း ထိုလူရှိသည့် နေရာကို ရောက်သွားတဲ့အချိန် တံခါးအရှေ့မှာ စောင့်နေတဲ့အစောင့်နှစ်ယောက်ကို မြင်နေရသည့်အတွက် စိတ်က မကြည်တော့ပေ။

တကယ့်လူ့ဂလန့်တွေ ဘယ်သူကဘာလာလုပ်မှာမို့လို့ အဲ့လောက်အစောင့်တွေထားနေလဲမသိဘူး

"ငါက မင်းတို့ သခင်ရဲ့မြေး Allen Edison ရဲ့သူငယ်ချင်း"

" သခင်လေးက မနက်စာစားနေလို့ ခနစောင့်ပေးပါ"

"ဘာကွ သူရဲ့သူငယ်ချင်းလို့ပြောတယ်လေ မင်းက ဘာကိုလာ......"

" San သူ့ကိုဝင်ခိုင်းလိုက် "

Allen ရဲ့သူငယ်ချင်းသာ သူ့မှာပြောနေရသော်လည်း ထိုသူကို သူတခါမှမမြင်ဖူးပေ။ သို့ပေမဲ့လဲ

အထဲမှ သြရှရှ အသံတသံထွက်ပေါ်လာပြီး အစောင့်တွေကိုပြောလိုက်တော့မှ တံခါးကို ဖွင့်ပြီး ဉီးညွှတ်လာကြသည်။

သူကောင်းကောင်းပြောနေတာတောင် ခနစောင့်ဆိုပြီးပြောတဲ့ကောင်တွေက သခင်စကားကျတခွန်းထဲတဲ့လား လီးဘဲ

Mommy Or Daddy (Complete)Where stories live. Discover now