Part 7

594 35 10
                                    

"မင်းမကြိုက်ဘူးလား?"

ထိုသူ၏အမေးမှာ အနည်းငယ် ဆန်ကုန်မြေလေးဆန်သည့်တိုင် တခါမှမရဖူးသော ချစ်ရသူ၏ နူးညံ့မှုကြောင့် အန်းယန်မှာ ဟုတ်ပါသည်ဟု မည်သို့ ထောက်ခံနိုင်မည်နည်း။ ချောင်းတဟွတ်ဟွတ်ဆိုးနေသည့်ကြား ပြာပြာသလဲ ခေါင်းခါပြရသည်။

မသက်မသာဖြစ်နေသည်မှာ သိသာလှသည့်တိုင် ငြင်းပယ်သည့်အပေါ် အရှင်မင်းကြီးမှာ မည်သို့ ထင်နေမည်ကိုအပင် အလေးမထားမိခဲ့။ အတန်ကြာ လှုပ်ရှားမှု ရပ်တန့်သွားသော တဖက်သူကိုပင် ချောင်းဆိုးရင်းအလုပ်ရှုပ်ကာ သတိမထားမိခဲ့။ ခနအကြာ သူ့ကျောပြင်ထက် ကြီးမားသည့် လက်ဖဝါးက ရောက်ရှိလာပြီး အသာအယာပွတ်သပ်လာခဲ့သည်။ လက်ဖဝါးမှတဆင့် တဖက်လူ၏ အပူရှိန်မှာ သူ့ထံပျံ့နှံ့လာပြီး သူ့တကိုယ်လုံးပင် အနွေးဓာတ်လွမ်းခြုံသွားသယောင်။

"အဆင်ပြေပါတယ် ... ပထမဆုံးမို့ပါ"

ထိုသူမှာ တပါးသူအား ချော့မော့ရာ၌ အတော်လေးညံ့ဖျင်းပုံရသည်။ သို့သော် မည်သည့်အချိန်ကမျှချော့မော့ခြင်းမခံရဖူးသည့် အန်းယန်အတွက်မှု အလုပ်ဖြစ်လှ၏။ အန်းယန် သက်သာသွားသည့် အခါမှာ  ညောင်စောင်းကို မှီကာ ထိုင်တဝက်လှဲနေသော အရှင်မင်ကြီးက သူ့အား ပွေ့ကာ ပေါင်ပေါ် ကောက်တင်ရင်း မျက်နှာချင်းဆိုင် ခွလျှက်သား ထိုင်စေသည်။

အန်းယန် မှာ ထိုသုံးသောပုံစံကြောင့် အံ့အားသင့်သွားရသည်။ သူဟာ ၁၈၀စင်တီမီတာအထက် အရပ်ရှည်ကာ သာမာန်ယောက်ျားလေးများဖြင့်ယှဉ်လျှင်ပင် အရပ်ရှည်ပြီး ကိုာ်လုံးကိုယ်ပေါက်ကြီးမားသည်။ ဝမ်းဗိုက်ကြွက်သား ခြောက်ခုနှင့် သူဟာ သူ့ထက်အတန် အရပ်ရှည်ကာ ဝမ်းဗိုက်ကြွက်သားရှစ်ခုနှင့် ပိုမို ကိုယ်လုံးကိုယ်ပေါက်ခိုင်ခံသော အရှင်မင်းကြီးနှင့် မယှဉ် နိုင် သော်လည်း အလေးချိန်မှာ သာမာန်တော့ မဟုတ်ပေ။ 

သို့သော် အရှင်မင်းကြီးမှာ သူ့အား အသာလေး ကောက်ပွေ့ကာ သူ့ပေါင်ပေါ် အရုပ်ကလေးသဖွယ်တင်ထားခဲ့သည်။ အန်းယန် ကိုယ်ကို ကြွကာအသာရုန်းရင်း ပြောလိုက်သည်။

"အရှင်....  ကျွန်တော် ဆင်းထိုင်ပါ့မယ်"

"မလိုဘူး .. ငြိမ်ငြိမ်နေ"

不敢拒絕 (Big Boy fall in love with Yandere King)Where stories live. Discover now