"မြို့အုပ်မင်း....မြို့အုပ်မင်းကြီး......"
"ဘယ်သူလဲ...မနက်အစောကြီး။"
"ကျတော် မိုးညိုပါ ...."
"အေး.. လာမောင်မိုးညို... ဘာကိစ္စရှိလို့လဲ ကွဲ့။ "
"ဟို...အရေးပိုင်မင်းကြီးက မြို့အုပ်မင်းနဲ့ တွေ့ချင်တယ်ဆိုပြီး အခေါ်တော် လွှတ်လိုက်လို့ပါ။ "
"ဟေ...အရေးပိုင်မင်းကလား။ "
"ဟုတ်ပါတယ် မြို့အုပ်မင်း။ "
"တယ်ကွယ်... ဒီမျက်နှာဖြူတွေနဲ့ မတွေ့ချင်လို့ ရှောင်နေတာ ကျုပ်ကိုတွေ့ချင်တယ်တဲ့လား။ "
"ဒါနဲ့လေ မြို့အုပ်မင်း ကျတော် နားမလည်တာလေး တခုမေးလို့ရမလား။ "
"မေးပါ..မေးပါ မောင်မိုးညိုက ဘာမေးချင်လို့လဲ။ "
"မြို့အုပ်မင်းက အင်္ဂလိပ်အရာခံဗိုလ်တွေပေးတဲ့ မြို့အုပ်ရာထူးယူထားပြီး ဘာလို့ အင်္ဂလိပ်တွေကိုမုန်းနေရလဲ ကျတော်နားမလည်လို့ပါ။ မြို့အုပ်မင်းတမျိုးမထင်ပါနဲ့ ကျတော် သိချင်မိသွားလို့ပါ။ "
"အိန်းး မောင်မိုးညို နားမလည်တာလဲ မဆန်းပါဘူး၊ ဒီလိုဗျ... ဒီမျက်နှာဖြူတွေပေးထားတဲ့ မြို့အုပ်ရာထူးကို ကျုပ်ယူထားတယ်ဆိုတာက ကျုပ် သူတို့ကိုကြည်ဖြူလို့တော့မဟုတ်ဘူးဗျ၊ ကျုပ်လူမျိုးတွေ ကောင်းကောင်းမွန်မွန်နေရရေးအတွက် သာဘဲဖြစ်တယ်။ "
"အော်...ကျတော်သဘောပေါက်ပြီး မြို့အုပ်မင်းကတော့ လေးစားပြီးရင်လေးစားစရာဘဲဗျာ၊ ဒါကြောင့် ဒီနယ်တခွင်မှာ မြို့အုပ်မင်းအမည်ကို ကြားတာနဲ့ မလေးစားဘဲကိုမနေနိုင်ကြတာကို။ "
"ကဲပါ... ကျုပ်လဲ အရေးပိုင်မျက်နှာဖြူနဲ့သွားတွေ့ဖို့ပြင်ဆင်လိုက်အုံးမယ်။ "
"ကောင်းပါပြီ မြို့အုပ်မင်း ဒါဆို ကျတော်လဲပြန်လိုက်ပါအုံးမယ်။ "
"ကောင်းပြီ မောင်မိုးညို။ "
>>>>>>>>>>>>>>>>>
"ထယ်ရေ...မောင့်ထယ်လေး..."
"လာပါပြီ ဘာလို့အော်နေတာလဲ။ "
"ထယ်လေး မောင် အရေးပိုင်မင်းနဲ့ သွားတွေ့လိုက်အုံးမယ်။ သားငယ်လေးကို ထယ်နဲ့ ထားခဲ့ရအုံးမယ်။ "
"ပြောစရာလူတွေလား ဟမ်!! မြို့အုပ်မင်း စိတ်ဖြောင့်ဖြောင့်နဲ့သာသွား ကျတော် သားငယ်လေးနဲ့ နေပေးမယ်။ "
"ထယ် ဆေးရုံမသွားဘူးလား။ "
"ဒီနေ့က ညဂျူတီလေ ညကျမှသွားရမှာ"
"ဟင်!! မောင်ကတော့စိတ်ပူနေရတော့မယ်။ "
"မောင်ရယ်...အလုပ်ဘဲဟာကို ဘာမှမဖြစ်ပါဘူး၊ ဆေးရုံမှာလဲ တခြားဝန်ထမ်းတွေလဲရှိပါတယ်။ "
"ခေတ်ကာလကြီးက ကောင်းတာမဟုတ်ဘူး၊ မောင်ထယ်လေးက လှတော့ သူများတွေကြည့်နေမှာစိုးတယ်ကွာ။ "
"မြို့အုပ်မင်း ညကျရင် လိုက်အိပ်မလားဆေးရုံမှာ။ "
"ဟမ်!!! "
"တကယ်ထဲ...လူကိုစိတ်မချလိုက်တာလဲ လွန်ရော။ "
"စိတ်မချပါဘူးကွာ မောင့်အလှလေးကိုသူများတွေ လုသွားရင်ဘယ်လိုလုပ်မလဲ"
"ကဲ...မြို့အုပ်မင်း သွားစရာရှိတာသွားတော့ ပြန်လာတာနောက်ကျရင် ဒီကလူကစိတ်ပူနေရလိမ့်မယ်။ "
"ဟုတ်ပါပြီဗျာ... မောင်မြန်မြန်သွားပြီး မြန်မြန်ပြန်လာမယ်နော်။ မောင်သက်လျာလေးက အိမ်မှာဘဲ စောင့်နေ။ "
"ကားကိုလဲ ဖြေးဖြေးမောင်းခိုင်းအုံး လူကိုစိတ်ပူနေရအောင်မလုပ်နဲ့။ "
"ကောင်းပါပြီခဗျာ...မောင့်သက်လျာလေးအမိန့်တော်အတိုင်းပါ။ "
"ဒါဆိုမောင် သွားတော့မယ်နော်။ "
ထိုသို့ပြောပြီး ပါးပြင်လေးအား ရွှတ်ခနဲ နမ်းလိုက်သော မြို့အုပ်မင်း။
"ချစ်လိုက်တာ မောင့်ထယ်လေးကို။ "
"မောင်...ခနနေအုံး။ "
မြို့အုပ်မင်းအား လှမ်းတားလိုက်ပြီး နှုတ်ခမ်းချင်ဖိကပ်ကာ နမ်းလိုက်သော ထယ်။
"မောင် ချစ်တယ်၊ ဂရုစိုက်သွားနော်။ "
"ကောင်းပါပြီခဗျာ။ "
ထို့နောက်မြို့အုပ်မင်းလဲ အရေးပိုင်းမင်းနှင့်တွေ့ရန် ထွက်သွားလေသည်။
_Yuna Jeon.
Taekook is my real happiness.
YOU ARE READING
နွေဦး သက်သေ(One Short)
Romance*Taekook မြန်မာမှု ပြုထားခြင်း ဖြစ်ပါသည်။ * crd;ပေးခြင်း... *နွေဦး သက်သေ fic ထဲမှ တချို့သော မြို့အုပ်မင်းဂျွန်၏ အကျင့်စရိုက်များအား "စာရေးဆရာကြီး အမျိုးသား ပညာဝန် ဦးဖိုးကျား "၏ မြို့အုပ်မင်း ဝတ္ထုထဲမှ ကောက်နုတ်ထားပါသဖြင့် " အမျိုးသားပညာဝန် ဦးဖိုးက...