EP - 23

981 91 9
                                    

Unicode

လက်ရှိအချိန်ကာလ......

အဲ့ဒီ့နေ့ကပဲအရာအားလုံးအစပြုခဲ့တာဖြစ်လောက်မလား။ လူတွေရဲ့ရိုင်းစိုင်းမှုတွေကိုသိရက်နဲ့မသိသလိုနေခဲ့တာတွေ။ ရွံရှာသလိုလိုစက်ဆုပ်သလိုလိုအပြုအမူတွေကိုဘာမှနားမလည်သလိုလျစ်လျူရှုခဲ့တာတွေ။ နောက်ပြီးသည်းမခံနိုင်တော့တဲ့အခါကျရင်သူတို့ပြောသလိုရိုင်းရိုင်းစိုင်းစိုင်းနဲ့တုံ့ပြန်ပြောဆိုပြုမူတတ်လာ‌တာတွေ။ အရာရာကိုစိတ်မထင်ရင်မထင်သလိုလက်ပါတတ်လာတာတွေ။

အရင်တုန်းကညဉ့်ယံဇိမ်းကနေဘယ်ကမှန်းမသိတဲ့အရိုင်းအစိုင်းလူတစ်ယောက်ကိုအစားထိုးခံလိုက်ရသလိုမျိုး‌ပဲ။ စကားလုံးအသုံးအနှုန်းတွေပြောင်းလဲသွားသလိုမျိုး ၊ မှန်ထဲမှာမြင်နေရတဲ့ကျွန်တော့်ရဲ့ပုံရိပ်ကလည်းကျွန်တော်မဟုတ်တော့သလိုခံစားရတယ်။ နူးညံ့ပြီးစာတော်ချင်ခဲ့တဲ့ကျွန်တော်။ တစ်ချိန်ချိန်မှာကျွန်တော်ဖြစ်ချင်တဲ့အတိုင်းအနုပညာရှင်တစ်ယောက်ဖြစ်လာရပြီးရလာတဲ့ပိုက်ဆံတွေထဲကနေလူတွေကိုပြန်ကူညီချင်ခဲ့တဲ့စိတ်ကလူတွေကြောင့်နဲ့ပဲအရာအားလုံးပျက်ဆီးသွားခဲ့ပြီ။
အခုကျွန်တော်ကလူတွေသေသေရှင်ရှင်ပစ်ထားချင်လောက်တဲ့အထိဆိုးရွားလွန်းတဲ့သူမျိုး။ နတ်ဆိုးတစ်ပိုင်းဖြစ်နေတဲ့အရိုင်းအစိုင်းကောင်မျိုး။

အရင်တုန်းကနဲ့တစ်စက်လေးမှမတူတော့အောင်ပြောင်းလဲပစ်လိုက်တဲ့အရာကနေ့တိုင်းကျခဲ့ရတဲ့မျက်ရည်တွေလား။ ဒါမှမဟုတ်ကျွန်တော့်အချစ်ဦးဖြစ်တဲ့ရွက်ဝါမရှိတော့လို့လား။ ဒါမှမဟုတ်သေးရင်လူတွေရဲ့‌ဝေဖန်မှုစကားသံတွေကြောင့်လား။
အဖြေအတိအကျကိုပြောပါဆိုရင်ကျုပ်ဘာကိုမှအသေအချာဖြေပေးနိုင်မှာမဟုတ်ဘူး။ ဒါပေမယ့်လည်းသေချာတာတစ်ခုကတော့လူတွေကသူတို့ဆက်ဆံသလိုပြန်ဆက်ဆံရတယ်။ သူတို့ပြုမူသလိုပြန်ပြုမူရတယ်။ ပြီးတော့သူတို့ကစကားလုံးတွေနယ်ကျွံလာတဲ့အခါပြန်ပြီးတုံ့ပြန်ဆုံးမပေးရတယ်။
ဒါကအဲ့ဒီ့နောက်ပိုင်းကျုပ်သိလာရတဲ့လူ့လောကကြီးပဲ......။

" မင်းနိုးနေတာလား......"

ရုတ်တရက်ကြားလိုက်ရတဲ့စကားသံကြောင့်သတိဝင်ကာအသံလာရာသို့လှည့်ကြည့်မိသည်။ ဘယ်လောက်ကြာအောင်အထိမျက်တောင်မခတ်မိခဲ့မှန်းမသိတဲ့မျက်လုံးကအခုမှစပ်ဖျင်းကာမျက်ရည်စတွေပါစီးကျလာပြန်တယ်။ ပါးပြင်ပေါ်ကမျက်ရည်စတွေကိုတစ်ဖက်လူမမြင်စေရန်အမြန်သုတ်ဖယ်မိပေမယ့်လျင်လွန်းတဲ့လူကချက်ချင်းဆိုသလိုအနားရောက်လာပြီးမျက်နှာပေါ်ကိုလက်နုနုလေးတွေဖြင့်ထိတွေ့လာပြန်ပါ၏။

ရွက်ကြွေနှောင်းမှ ပွင့်သောနေကြာTempat cerita menjadi hidup. Temukan sekarang