အပိုင်း (၂၇)

3.6K 258 11
                                    

Unicode

ကျောင်းသွား ကျောင်းပြန်အချိန်တွေထိတစ်နေ့တာရဲ့ အချိန်တော်တော်များများမှာ တူတူရှိခဲ့ပေမယ့်အခုတော့ ခပ်လှမ်းလှမ်းဖြစ်နေတဲ့ အနေအထားလေးတစ်ခု။

ဒီတစ်ပတ်တာအချိန်ဆိုတဲ့ ခပ်စိတ်စိတ်အနေအထားလေးတစ်ခု၊ စာမေး‌ပွဲဖြေဆိုနေတဲ့ ဒီရက်တွေမှာ လူဘုန်းသန့်က စာသင်ခန်းထဲကို စာမေးပွဲဖြေခါနီး ၅ မိနစ်အလိုလောက်မှ ရောက်လာလေ့ရှိပြီး၊ စာမေးပွဲပြီး ဘဲလ်သံကိုတောင် မစောင့်တော့ဘဲ ပြန်ထွက်သွားလေ့ရှိသည်။ သူအခန်းထဲ ‌ဝင်လာတဲ့အချိန်ခဏလေးကို ဟေသာ သတိထားမိတတ်ပေမယ့်၊ လူဘုန်းသန့် ကအရင်ကလိုတစ်ချက်လေးတောင်မပြုံးပြသွားခဲ့ပေ။ အခန်းထဲဝင်လာတယ် သူ့နေရာမှာသူ
ဖြေစရှိတာဖြေခဲ့ပြီးသည်နဲ့ သူပြန်ထွက်သွားတာသာဖြစ် သည်။

မပြောမခေါ်ဖြစ်အောင်ထိ ဟေသာ အမှားလုပ်ခဲ့တာမျိုးမရှိ‌ဘူးလို့ယူဆမိသည်။ နှစ်ရက်လောက် ပင်ပင်ပန်းပန်းလုပ်ပေးထားပေမယ့် လူဘုန်းသန့်က မလိုအပ်ဘူးလို့ငြင်းခဲ့တာမျိုးမဟုတ်တောင် ကိုယ်က အိုဗာတွေလုပ်နေမိခဲ့တာလို့ခံစားမိတာ အခုထိပင်။ ကိုယ့်ဘာသာကိုယ်ဘဲအထင်တွေကြီး၊ အတ္တတွေကြီးမိနေတာမို့ လိပ်ပြာမလုံပေ။

" Exam ... Exam .....  "

ကန်တင်းရဲ့ ထောင့်ဝိုင်းနားကထွက်လာတဲ့အသံခပ်ကျယ်ကျယ် ... အသံပိုင်ရှင်ဖြစ်တဲ့ ဟိန်းသကိုကြည့်မိတော့ သူက ဟေသာတို့အားမျက်ခုံးနှစ်ဖက်လှုပ်ပြလို့ပြုံးပြနေ သည်။ ရုပ်ကိုက ... ပြောင်ချော်ချော်နဲ့။

" ဒီကောင် လုလု စာမေးပွဲဖြေပြီး‌တာတောင်ဘယ်ထွက်သွားလဲမသိဘူး ... အရင်ကဆို မမြင်ချင်မှအဆုံး "

ဟိန်းသ အပြောကို ကော်ဖီခွက်လေးခွက်ကိုင်ထားလို့‌ဟေသာတို့ဝိုင်းဆီ ရောက်လာတဲ့ ထူးပြည့်ဝကဖြည့်စွက်ပြောလာသည်။

" မသိပါဘူး ... ‌ဒီကောင် စာမေးပွဲတောင်ဘာထဖြစ်နေလဲ
မသိဘူး  လိမ္မာလာပြီထင်တာ၊ ပြန်ဆုံးမမှရတော့မယ် "

" ဟုတ်ပါ့ ငါလည်း လူဘုန်းသန့်တော့ကျောင်းတောင်မှန်မှန်တတ်နေတော့ လိမ္မာနေပြီပေါ့၊ အခုကျ စာမေးပွဲတောင် ဖြေချင်သလိုမဖြေချင်သလိုနဲ့ "

ဒီတိုင်းလေးနေရင်းမှ ... ချစ်မိသွားတာဘဲWhere stories live. Discover now