• part 3 •

93 17 6
                                        

          ခွင့်လွှတ်နားလည်ခြင်းကို ပျက်ရယ်ပြုလိုက်တော့ ထိုးထွက်လာတဲ့‌အမျက‌်ဒေါသဟာ အရာရာကိုအနိုင်ပိုင်းဖို့တွန်းအားပေးတယ်။

          ပုထုစဉ်လူသားတွေရဲ့ အမေ့လျော့ခံအပြစ်‌ေကြွးတွေကို သူခံစားရှာတွေ့တော့ နတ်သားငယ်ဟာ နာနာကျင်ကျင်ငိုရှုိက်တယ်။

• • • • • •

          မြို့စွန်ဖျားရှိ ဘုရားကျောင်းတစ်ခု မီး‌ေလာင်မြိုက်‌ေန‌လေရာ မည်းမေှာင်နေသောကောင်းကင်ထိတောင် မီးရောင်ထိန်ထိန်ကထင်ဟပ်နေသည်။

           ဘုရား‌ေကျာင်းဝန်းကျင်ဟာ ဟင်းလင်းဖြစ်နေ‌ေသာကြောင့် လေပြင်းများတိုက်ခတ်နေရာ မီးလောင်ရာလေပင့်ဖြစ်နေပြီး မီးခိုးလံုးကြီးများမှာလည်း ကောင်းကင်ထက်သို့ ဝှိုက်ကာဝှိုက်ကာတက်နေသည်။

           အနီးအနားရှိလူများမှာလည်း မီးကူငြှိမ်းတဲ့သူကငြှိမ်း၊ အကူအညီအော်တောင်းသူကတောင်းနှင့် ရုန်းရင်းဆန်ခတ်ဖြစ်နေသည်။

           ထိုအချိန် ကောင်းကင်ထက််မှ တောက်ပနေတဲ့ရောင်ဝါနဲ့ နတ်သားတစ်ပါးဟာ ဘုရားကျောင်းရဲ့ခေါင်မိုးထိပ်သို့ ဖြည်းဖြည်းချင်း ပျံသန်းဆင်းသက်လာသည်။

           အေးစက်စက််မျက်ဝန်းပြာတို့နဲ့ လူသားတွေကိုဝေ့ဝိုက်ကြည့်နေသော ထိုနတ်သားမှာ ရှင်းဂျိတ်ပင်။

           ဂျိတ်ခ်ဟာ မှန်ကွဲ၍ပေါက်နေသောနံရံမှ ဘုရားကျောင်းအတွင်းသို့ ပျံသန်းဝင်ရောက်လိုက်သည်။

           ပျက်စီးပြိုကျလာသော မျက်နှာကြက်အပိုင်းအစများနှင့် မီးစမီးပွားများအား ဝှေ့ဝိုက်ရှောင်ရှားကာ သူကယ်တင်ဖို့အမိန့်ပေးခံရတဲ့ ဘုရားကျောင်းဖာသာအား အာရုံခံရှာလိုက်သည်။

"ကယ်ကြပါဦး ဒီမှာပိနေလို့ပါ!"

            ဘုရားကျောင်းဟောပြောစင်ပေါ်ရှိ အပျက်အစီးများကြားမှ အသံယဲ့ယဲ့ကိုကြားတော့ သူဟာထိုသူအနားရှိမြေပြင်သို့ ဆင်းသက်လိုက်သည်။

            မီးဆိုင်းကြီး ပိနေသောထိုဖာသာသည် ရှင်းဂျိတ်ခ်ကိုယ်ထင်ပြတာကို မြင်လျှင်မြင်ချင်း အော်ဟစ်ကာအကူအညီတောင်းတော့သည်။

You've reached the end of published parts.

⏰ Last updated: Sep 28, 2024 ⏰

Add this story to your Library to get notified about new parts!

SACRIFICE // YUNKIWhere stories live. Discover now