အပိုင်း(၁၅)

812 39 6
                                    

ဖြူ အကြောင်းပြချက်မရှိဘဲ ကလျာ့ကိုအဆက်အသွယ်ဖြတ်သွားတာနှစ်ပတ်ပင်ရှိချေပြီ။ဖုန်းအဆက်မပြတ်‌ခေါ်နေသော်လည်းပြန်လည်ဖြေဆိုခြင်းမရှိခဲ့။ကလျာ ဖြူတစ်ခုခုဖြစ်လားဆိုသည့်စိတ်ဖြင့် အတော်ပင်စိုးရိမ်စိတ်ကြီးစိုးခဲ့ရသည်။သို့ရာ ကြားသိလိုက်ရသည့်သတင်းက ယုံနိုင်ဖွယ်မရှိ။ဘာတဲ့...ဖြူလက်ထက်တော့မယ်တဲ့ ဖြစ်နိုင်စရာမှမရှိတာပဲ ဖြူက ကလျာ့ချစ်သူလေ။ဖြူ့ဆီမှမကြားရမချင်း ကလျာမယုံပါ တကယ်ဆိုရင်ကောခံနိုင်ရည်ရှိပါ့မလား။ရုတ်တရက် ထမြည်လာတဲ့ဖုန်း သီချင်းသံကြားယုံဖြင့်မည်သူမှန်းအတပ်သိသည်။ဖြူ့ဆီကဖုန်း မျှော်လင့်စောင့်စားနေခဲ့ရသောထိုခေါ်ဆိုမှုလေး။ကလျာ မေးခွန်းများကိုဘေးခဏဖယ်ကာဖြင့်လျှင်မြန်စွာပင်ကိုင်လိုက်မိသည်။

"ဖြူ ဘာဖြစ်လို့လဲဟင် ကိုယ်စိတ်ပူလိုက်ရတာဖြူရယ် ဖြူသိလား ဖြူ့ကို ကိုယ်ဖုန်းဆက်တိုက်ခေါ်နေတာလေ"

ကလျာ နားပင်မနားဘဲ‌တရစက်ပြောနေပေမဲ့ ပြန်ဖြေသံအစားရှိုက်သံတိုးတိုးလေးသာကြားရ၏။ဖြူငိုနေတာလား ဘယ်အတွက်ကြောင့်များလဲဖြူရယ်။

"ဖြူ......ဖြူဘယ်မှာလဲဟင် ကိုယ်အခုလာခဲ့မယ်"

"ယု လမ်းခွဲကြရအောင် အခုနောက်ဆုံးအနေနဲ့နှုတ်ဆက်တာပါ ခဏနေဆိုဖြူလက်ထက်ရတော့မှာ လက်ထက်ဖို့ဆိုတာလည်းမသေချာပါဘူး ဖြူ သူ့ကိုမချစ်ဘူး ယုမှမဟုတ်ရင်တခြားသူနဲ့ ဖြူလက်မထက်ဘူးဆိုတာယုံပေးပါနော် ဖြူ့ကိုချစ်ရင် ဘာအတွက်ကြောင့်မှနောင်တမရဘဲအကောင်းဆုံးရှင်သန်နေပေးပါ ဖြူ့အစားနောက်တစ်ယောက်ကိုအစားထိုးလိုက်ပြီး ဖြူ့ကိုမေ့လိုက်ပါတော့"

"ဟယ်လို ဖြူ ဖြူ ကိုယ်ပြောတာကြားလား ဖြူ"

ကလျာစကားကိုဖြေကြားခြင်းမရှိဘဲ ဖုန်းချသွားလေပြီ။ဖြူစကားကိုနားမလည်သော်လည်း မကောင်းသည့်အနံ့အသက်ရပြီး ရင်ဘတ်ထဲမှနာကျင်လာရသည်။ကလျာအမြန်ဆုံးပင် ဖြူ လက်ထက်မည့်နေရာကိုစုံစမ်းပြီး သွားသော်လည်းအလာနောက်ကျသွားချေပြီ။ကလျာရောက်သည့်အချိန်တွင် လူနာတင်ကားတစ်စီးပေါ်ပွေ့ချီခံသွားရသော ဖြူစင်ခြင်းဟုယူဆရသောအဖြူရောင်ဂါဝန်ပေါ်တွင် လက်ကောက်ဝတ်ရှိ ဓားရာခပ်နက်နက်‌လေးမှတစ်ဆင့် စီးကျနေသောသွေးများဖြင့်သတို့သမီးလေး။ထိုသူကတော့ကလျာချစ်မြတ်နိုးရသည့်ဖြူ အဖြူရောင်ဂါဝန်လေးနဲ့သိပ်လှတယ်ဖြူရယ် အနီရောင်သွေးတွေကတော့ကိုယ့်ကိုနာကျင်စေတယ်။ရက်ရက်စက်စက်ထားသွားရက်ပြီပေါ့ ကိုယ့်ကိုချန်သွားနိုင်ပြီပေါ့ဖြူ။
ဖြူ့ကိုလက်ထက်ဖို့ အိမ်ကဖိအားပေးတာကိုယ်သိသွားပြီးပြီ ကိုယ့်ကိုတိုင်ပင်ရောပေါ့ဖြူရယ် ကိုယ်ဒီနေရာကနေ အဝေးဆုံးကိုခေါ်ထုတ်ပေးသွားမှာပေါ့။အခုတော့ဖြင့်......
နောက်ဘဝဆိုတာမရှိနိုင်မှန်းကိုယ်သိတယ် အကယ်၍ရှိခဲ့ရင် ကိုယ် ဖြူ့ကို‌မတွေ့ တွေ့အောင်လာရှာမှာမို့ စောင့်နေပေးပါဖြူ အဲ့တစ်ခွန်းပဲကိုယ်ပြောနိုင်တယ် အခုတော့ကိုယ့်ဒူးတွေ‌ခွေကျကုန်ပြီး မျက်ရည်တွေလည်း ထပ်ကျရန်မရှိ‌လောက်အောင် ခမ်းခြောက်ကုန်ပြီ။ဝသုန်သိရင်ဘယ်လောက်ဝမ်းနည်းလိမ့်မလည်းဖြူရယ် ဝသုန်နဲ့ပြန်တွေ့ရင်ဖြူ့အကြောင်းသေချာပေါက်ပြောပေးမယ်နော်။ဖြူအေးချမ်းစွာအနားယူပါတော့ ကိုယ်တခြားသူကိုချစ်ဖို့ဆိုတာလည်းမဖြစ်နိုင်တော့ဘူး နှလုံးသားထဲမှာအမြစ်တွယ်နေတဲ့နာမ်စားလေးဟာတော့ဖြင့် ဖြူတဲ့။

Impossible love 💗(Completed)Where stories live. Discover now