Unicode
ညထဲက အိပ်မပျော်တဲ့ရှေးက မနက်မှာလဲ ကုတင်ခြေရင်းတွင် ငူငူငိုင်ငိုင်လေးထိုင်ရင်း ချိတ်ပိတ်ခံထားရတဲ့ ပြတင်းပေါက်ဆီကနေတစ်ဆင့် မျက်နှာကိုလာရိုက်နေသော နေရောင်ခြည်လေးကိုသာ ခပ်တွေတွေလေး ငေးကြည့်နေမိသည်။
"လွမ်းတယ်...စီနီယာ"
သူ့နှုတ်ကနေ ရွတ်မိသည်မှာခပ်တိုးတိုး။အခုချိန်စီနီယာရော ဘာတွေလုပ်နေမလဲ။ပျက်သွားတဲ့ မင်္ဂလာပွဲအတွက် လူတွေဖိနှိပ်တာများ ခံနေရပြီလား။ဖိတ်မခေါ်ပါပဲ ရှေးရဲ့ ပါးပြင်ပေါ် မျက်ရည်ကြည်ပေါက်တွေက လိမ့်ဆင်းလာပြန်သည်။
"ရှေး..."
ကြားလိုက်ရတဲ့အသံကြောင့် ဘယ်သူဘယ်ဝါမှန်းရှေးသိပါသည်။သိုပေမယ့် ရှေးဟာ အသက်မဲ့နေသူတစ်ယောက်လို လှည့်မကြည့်နိုင်ပဲ ပြတင်းဆီ က အလင်းတန်းသဲ့သဲ့လေးကိုသာ မမှိတ်မသုန် စိုက်ကြည့်နေမိသည်။
"တစ်ညလုံးမအိပ်ပဲ ငိုနေတာလား။ မောင်...ရှေးကို ဝမ်းမနည်စေချင်ဘူး။ မောင်ဘယ်လို လုပ်ပေးရမလဲ။ မောင့်အနားမှာနေရတာ ပျော်လာဖို့ မောင် ဘာလုပ်ပေးရမလဲဟင်"
အစ္စဏီရဲ့စကားကြောင့် ရှေးက ပါးပြင်ပေါ်က မျင်ရည်တွေကိုဖိသုတ်ကာ အစ္စဏီ့ဆီကို အကြည့်စူးစူးဖြင့် ဆတ်ခနဲလှည့်ကြည့်လိုက်သည်။
"သေပေး!"
"..."
"မင်းသေသွားရင် ငါအရမ်းပျော်မှာ"
အစ္စဏီကလဲ ခံစားချက်မဲ့နေသူပီပီ ရှေးအနားထိလျှောက်သွားကာ မျက်နှာချင်းဆိုင်တွင် ထိုင်ချလိုက်မိသည်။ရှေးကလဲ သူ့ရဲ့လှုပ်ရှားမှုတွေကို လိုက်ကြည့်ရင်း အစ္စဏီထိုင်ချလိုက်တဲ့ နေရာတွင်အဆုံးသတ်သွားခဲ့သည်။
အစ္စဏီက မျက်ရည်တွေနဲ့ရှေးကို ကြည့်ကာ မျက်ဝန်းထောင့်ကမျက်ရည်စတွေကို လက်မဖြင့် ဖိသုတ်ပေးလိုက်သည်။ရှေးက ထိုလက်တွေကို ခါချမပစ်ပဲ မျက်ထောင့်ကနေ တစ်ချက်ကြည့်လိုက်သည်။
"မောင့်အသက်ကို လိုချင်ရင် မောင်ပေးနိုင်တယ်။ ဒါပေမယ့် သတ်တဲ့လူက ရှေးကိုယ်တိုင်ပဲ ဖြစ်ရမယ်။ မောင့်ကိုသတ်ရဲရင် မောင့်ဆီကနေ လွတ်မြောက်သွားပြီ။ မောင်...မသေချင်းကတော့ ထွက်ပြေးလည်းမလွတ်ဘူး။ မောင်ပြောတာ နားလည်လား"