Part 16🍓

1.2K 46 8
                                    

ရာရာစာတွေသာ မကြိုးစားဖြစ်ခဲ့ရင် ခုလိုဖြေနိုင်မှာမဟုတ်

အမှန်တိုင်းပြောရရင် ကိုကြီးနဲ့တွေ့ပြီးမှ စာကြိုးစားချင်စိတ်တွေတဖွားဖွားပေါ်လာခဲ့တာဖြစ်သည်။

ဒါပေမယ့် အခုတော့ စာပိုကြိုးစားရအောင်ကံကြမ္မာကဖန်တီးပေးခဲ့လေသည်။

ဒီနေ့ နောက်ဆုံးဘာသာဖြေရမယ့်နေ့ဆိုတော့ ရာရာစိတ်လှုပ်ရှားမိသည်။

" ရာရာ "

" ဝေ "

" နင်ငါတို့ကိုပြောစရာရှိတယ်ဆို"

" ဪအေးဟုတ်တယ် ငါတို့ဒီနေ့ဖြေပြီးရင် ငါနဲ့သိတဲ့အစ်မတစ်ယောက်က မုန့်လိုက်ကျွေးမလို့တဲ့ "

" ငါတို့ကိုရော ခေါ်တာလား "

" အေး သူငယ်ချင်းတွေကိုပါခေါ်ခဲ့တဲ့ "

"နင်ကမိုက်တယ်နော် လူချစ်လူခင်များတယ် "

" ဟားဟား ဒီတိုင်းပါပဲကွာ "

" လာလာ စာမေးပွဲဖြေရတော့မယ် "

" အိုခေ "

နောက်ဆုံးဘာသာကိုတော့ ရာရာတို့ရော တခြားကျောင်းသူကျောင်းသား အားလုံးဖြေနိုင်ကြသည်။

" ပနှစ်ဝက်သာပြောတာ စာတွေကလဲခက်လိုက်တာမှပြောမနေနဲ့ "

" ဟုတ်ပါ့ ဆယ်တန်းကမလွယ်ပါလားနော် "

" အဖွားကြီးနှစ်ယောက်ကလဲ ငြီးလိုက်တာအေ "

" မဟုတ်လို့လား ငါတို့ပြောတာ "

" အေးပါ အေးပါဟုတ်ပါတယ် "

" ညီမလေး "

" ဪ မမ "

" ဖြေနိုင်လား "

" ဖြေနိုင်တာပေါ့ "

" တော်လိုက်တာငါ့ညီမလေးက "

"ဟီးဟီး မမ ဒါညီမသူငယ်ချင်းတွေလေ "

" ဟုတ်လား"

" ဟုတ်တယ် သူ့နာမည်က မြူနှင်းသုန် သူ့နာမည်က ဟန်ကြည်ဖြူတဲ့"

" မမနာမည်က သက်ထားလို့ခေါ်ပါတယ်ရှင် ကိုယ့်အစ်မအရင်းလိုသဘောထားလို့ရတယ်နော် ညီမလေးတို့
စာနားမလည်တာရှိရင်လဲမမကိုမေး "

❀ɓεℓσѵε∂❀Where stories live. Discover now