(အပိုင်း၂၁)
ကောင်းသောညနေခင်းလေးပါလူကြီးမင်းတို့။
ဒါဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ၊
အဖြူရောင်ဆံပင်လူငယ်လေး၏ခေါင်းပေါ်ရှိတောက်ပနေသော Sနှင့်Fကိုမြင်ပြီးတိတ်ဆိတ်မှုတို့သည် ဒီရေလှိုင်းကြီးပမာကြီးစိုးသွားခဲ့သည်။ ကျိုးကျို မပြောနှင့်အခြားလူအားလုံးအလွန်ပင်ကြက်သေသေသွားခဲ့သည်။
[ အားကျိုကောကောရဲ့ထုတ်လွှင့်မှုကိုကြည့်
ခဲ့တဲ့သူတွေဒီကိုလာပြီးတော့ငါ့နောက်ကနေကူညီပေးကြပါဦး !!နည်းပြဆီကFအဆင့်အကဲဖြတ်မှုရတယ်ဆိုတာဖြစ်စဉ်ထဲမှာလူကြီးမင်းကျူးကော်နဲ့ဟိုလိုလိုဒီလိုလိုအခြေအနေမျိုးရောက်ခဲ့လို့များလား၊ ပြီးတော့အဆုံးကျအားကျိုကအဲ့နှာဘူးဆရာဝန်ကို တူ နဲ့ထုခဲ့ပြီးတော့ပြန်ထွက်လာတဲ့အချိန်သူနဲ့အတူ Sအဆင့်အသုံးအဆောင်ကိုတောင်ယူလာတာလေ၊ ပြောရရင် Sအဆင့်သတ်မှတ်ချက်ရတာကမှအကျိုးအကြောင်းသင့်တော်တာမလား။ ]
[ငါိုးအဖြူလေးက S အဆင့်အသုံးအဆောင်ကိုရထားတယ်ပေါ့လေဘာတွေဖြစ်နေကြတာလဲငါတစ်ခုခုလွတ်သွားသေးလား/ ထိတ်လန့်jpg ]
[ ဘာ ဘာ ဘာ ? Sအဆင့်အသုံးအဆောင်ဟုတ်လား ? ? အပေါ်ထပ်ကလူရေ မင်းဒီလိုပြောတော့ရုတ်တရက်ကြီးစနစ်ကသူ့ကို Sအဆင့် သတ်မှတ်ချက်ပေးတာကကိစ္စမရှိတော့ဘူးလို့ခံစားရတယ်လုံးဝကိုစကားစွန့်အနေပြီ ]
[ ...ကြောက်လန့်စရာပဲ၊ လူသစ်တွေက ဒီလောက်တောင်ကြောက်စရာကောင်းတာတဲ့လား (ငါရဲ့ဖရဲသီးစေ့တွေလက်ထဲကနေတောင်လွတ်ကျသွားပြီ) ]
မည်သို့ပင်ဖြစ်စေbullet chat မှလူများသည် ဒီသုံးဖက်မြင်ရှုထောင့်မှကြည့်နိုင်ပြီးအချက်အလက်များကိုအတွင်းကျကျပိုသိထားသူများပင်ဖြစ်သည်။
သူတို့အသိစိတ်ဝင်လာချိန်နောက်ထပ်မေးခွန်းတစ်ခုပေါ်လာနေပြီ။
[ ဟမ်း ငါစနစ်ဆီကနေSအဆင့်သတ်မှတ်ချက်ဘယ်လိုရလဲတော့သိပြီးပြီ၊ နားလည်ပြီ. .ဒါပေမဲ့ ဘာလို့နည်းပြဆီကနေကျFအဆင့်ရတာလဲ ]
[အမှန်တိုင်းပြောရရင်ငါလည်းဒါကိုမေးချင်နေတာ... သူကစနစ်ဆီကနေတောင်Sအဆင့်ရတာကိုဘာလို့အဲ့နည်းပြကသူ့ကိုFအဆင့်ထိချပြစ်ဖို့ဒီလောက်ထိတောင်လုပ်ရတာလဲငါသဘောမပေါက်တော့ဘူး . . ( ရူးနေပြီ.jpg ) ]
DU LIEST GERADE
Thriller Trainee ကျင်းစုန်လျန့်ရှီရှန်း || ဘာသာပြန်
Mystery / ThrillerOfficial English Name - Thriller Trainee Chinese Name - 惊悚练习生 Status in COO - 251 chapters + 9 extra chapters (Completed) Authors - Raven , Wang Ya , 妄鸦 This is just a fan translation ! All credits go...
