Part 5
" မင်းလက်ထပ်တာကို ငါတို့ကို လျှိုထားတာတော့ တကယ်မကောင်းဘူးကွာ ငါသတင်းကြားကြားချင်း ဘယ်လောက်လန့်သွားတယ်မှတ်လဲ "
" ငါရောပဲ ယွန်ဂီရာ "
ဂျောင်ဂု ဒီကောင်နှစ်ကောင်ကို ဒီပွဲကို လာဖို့ ဖိတ်မထားခဲ့ပါ။ဒါကို ဘယ်လို သိပြီးရောက်လာတယ်မသိ။
အိမ်တော်က လူတွေကိုလည်း အသိပေးရုံသာ ပေးပြီး လက်မှတ်ထိုးတာအစ ပွဲလုပ်တာအဆုံး ဂျောင်ဂု သူ့သဘောနှင့်သူ လုပ်ခဲ့တာချည်းသာ။" မင်းတို့က ဘယ်လိုလုပ်ရောက်လာတာလဲ "
" ဂျီမင်းက လှမ်းပြောလို့ နိုင်ငံခြားရောက်နေတာတောင် မှီတဲ့ လေယာဉ်နဲ့ပြန်လာခဲ့ရတာကွ "
ယွန်ဂီ့အဖြေစကားကြောင့် ဂျောင်ဂု ပတ်ဂျီမင်းကို ကြည့်လိုက်၏။သူ မေ့သွားတာပဲ။ သူ့သူငယ်ချင်း ဂျီမင်းက အဆိုတော်တစ်ယောက်မို့ ကင်မ်ဆော့ဂျင်လို နာမည်ကြီးမင်းသားတစ်ယောက် လက်ထပ်တော့မည့်သတင်းကို သေချာပေါက် ကြားမှာပင်။
သူတို့ အနုပညာအသိုင်းအဝိုင်းမှာ သတင်းဆိုတာ အလင်းအလျင်လို သိပ်မြန်လွန်းသည်ဟု ဂျီမင်း ခဏခဏပြောဖူးတာကို သတိရမိ၍ သူပြုံးလိုက်မိ၏။" ပြုံးမနေနဲ့ မင်းယောက်ျားနဲ့ မိတ်ဆက်ပေးအုံး
မင်းဝမ်းကွဲတွေရော တစ်ယောက်မှမလာဘူးလား "သူ့ အသိမိတ်ဆွေ တစ်ယောက်ကိုမှ မဖိတ်ဘဲ ဟိုလူ့အသိတွေချည်း ရည်ရွယ်ချက်ရှိရှိ ဖိတ်ထားပါတယ်ဆိုမှ လာဖြစ်အောင်လာသေးတာပဲ ဒီကောင်တွေ။
ဂျောင်ဂုတို့ သူငယ်ချင်းသုံးယောက်က တစ်ဝိုင်းထိုင်းနေတာဖြစ်ပြီး ဟိုလူကတော့ ဧည့်သည်တွေကို လိုက်၍ ဧည့်ခံနေလေသည်။" ဂျွန်ဟို ဟိုလူ့ကို သွားခေါ်လိုက် "
ပွဲထဲတွင် လိုအပ်တာတွေ စီစဉ်နေသည့်ဂျွန်ဟို့အား ကင်မ်ဆော့ဂျင်ကို သွားခေါ်ခိုင်းလိုက်၏။
"သူက မင်းရည်းစားဟောင်းရဲ့ အစ်ကိုဆို
မဟုတ်မှ မင်း "နှလုံးအထူးကု ဆရာဝန်ကြီးဖြစ်သည့် သူငယ်ချင်းဖြစ်သူ မင်ယွန်ဂီ၏ စကားကြောင့် ဂျောင်ဂု မျက်ဝန်းတွေ ချက်ချင်းမှုန်မှိုင်းသွားရ၏။
အလိုက်သိလွန်းသည့် ပတ်ဂျီမင်းကတော့ မင်ယွန်ဂီ့ကို ဆက်မပြောဖို့ အချက်ပြနေလေသည်။
ကင်မ်ဆော့ဂျင်က ကင်မ်ယယ်ဂျင်းနှင့် တူလွန်းသည်။ ထူပြည့်ပြည့်နှုတ်ခမ်းလေးတွေကို မြင်တိုင်း ဂျောင်ဂု အသက်ရှူရခက်လာသည်။ အဆိုးဆုံးက ကင်မ်ဆော့ဂျင်ကို ယယ်ဂျင်းလို့ မြင်လာတာပင်။
သူဟာ ယယ်ဂျင်းနေရာတွင် အခြား မည်သူ့ကိုမှ အစားမထိုးနိုင်ပါ။အစားထိုးလိမ့်မည်လည်း မဟုတ်ပါ။ သူ ကင်မ်ဆော့ဂျင်ကို လက်ထပ်ချင်ရသည့် အကြောင်းအရင်းက တစ်ခုတည်းသာရှိသည်။မုန်း၍...ထိုလူ့ လက်ကျန်ဘဝကို အေးချမ်းစွာ ဖြတ်သန်းသွားမှာ မလိုလား၍ပင်။
YOU ARE READING
Can I be the one? ♡ KookJin ♡
Fanfictionရိုးတွင်းခြင်ဆီအထိ စိမ့်နေအောင် မုန်းနေရင်လည်း အနည်းဆုံးတော့ ကိုယ်နဲ့ မပတ်သတ်ဘဲနေရမှာပေါ့။ အခုလို မင်း အမုန်းကြီးမုန်းနေတဲ့ ကိုယ်နဲ့ တစ်မိုးအောက်တည်းမှာ အတူတူနေရတာကို သဘောကျနေတာတော့ မဟုတ်ဘူးမလား။ ...