Chapter 124🚨

2.4K 235 2
                                    

Chapter 124🚨

သူတို့အကြည့်ချင်း ဆုံသွားခိုက် ဘေးနားရှိပတ်ဝန်းကျင်က ချက်ချင်းပင် တိတ်ဆိတ်သွားသည်။

စင်္ကြံလမ်းမှ ခြေသံများ၊ အပြင်ဖက်မှ လေချွန်သံများနှင့် အရာအားလုံးသည် တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ဒီကမ္ဘာတွင် သူတို့၂ဦးသာ ရှိနေသယောင်ဖြစ်သွားသည်။

မည်သူကစ၍ လှုပ်ရှားသွားသည်မသိပေ။ သူသိလိုက်ချိန်တွင် သူတို့၂ဦးသား အနမ်းပေးနေကြပြီဖြစ်သည်။

သူတို့၂ဦး၏ပူနွေးနေသောခန္ဓာများက အချင်းချင်းတင်းကျပ်စွာ ဖက်ထားကြသည်။ သူတို့၏ကျယ်လောင်သောရင်ခုန်သံများက ခန္ဓာကိုယ်အောက်ပိုင်းသို့ ဆင်းသက်‌ကာနီးနီးဖြစ်နေသည်။ ကျင်းစစ်က ခေါင်းမော့ကာ လက်များကို ယင်းကျောင်း၏ပုခုံးပေါ်သို့ တင်လိုက်ပြီး သူ့ကိုပြန်နမ်းနေချိန်တွင် ယင်းကျောင်းက ခပ်တိုးတိုးညည်းညူသံများထွက်ပေါ်လာသည့်အထိ ချစ်စိတ်တက်နေသည်။

ယင်းကျောင်း၏မျက်လုံးများက နီရဲနေပြီး ကျင်းစစ်၏ခေါင်းနောက်ကိုကိုင်ဖျကာ သူ့ဆီသို့ဆွဲကပ်ထားသည်။ အနမ်းက ပြင်းထန်ပြီးအားပါလွန်းရာ သူ့အားအငမ်းမရ ဝါးမြိုနေသလိုပင်။ ဇောချွေးများစိမ့်ထွက်နေပြီး အသက်ရှူသံများမြန်လာကာ သူ ကျင်းစစ်၏အဝတ်များကို ချွတ်ပြစ်ချင်နေပြီဖြစ်သည်။

မီးတောက်ကလေးတစ်ခု၏ အချက်ပေးချက်တစ်ခုကဲ့သို့ ကြယ်သီးများက ကြမ်းပြင်ပေါ်သို့တထောက်ထောက်မြည်ကာ ပြုတ်ကျ‌နေသည်။ အခန်းအတွင်းရှိအပူချိန်က ချက်ချင်းမြင့်တက်သွားသည်။

ပညာသားမပါ လှည့်စားခြင်းမပါဘဲ အချိန်အတော်ကြာအောင် ဆာလောင်မွတ်သိပ်နေသောလူ၂ဦး၏ နှလုံးသားထဲမှဆန္ဒကို ဖြည့်ဆည်းရန်သာကြိုးစားနေမိကြသည်။

ဧည့်ခန်းမှအိပ်ခန်းအထိ သူတို့၂‌ဦး၏အဝတ်များက ပြန့်ကျဲနေသည်။

ကျင်းစစ် အသက်ရှုမဝတော့ပေ။ အနည်းငယ်‌မူးဝေသကဲ့သို့ဖြစ်ကာ ဒူးများညွတ်ခွေကျလာသည်။ ယင်းကျောင်းက သတိထားမိကာ ကျင်းစစ်အားပွေ့ချီပြီး အိပ်ခန်းတံခါးကို ကန်၍ဖွင့်လိုက်သည်။

[COMPLETED]ကျောင်းမြက်လေးရဲ့ရည်းစားဟောင်းအဖြစ် (ဘာသာပြန်)Where stories live. Discover now