part 3
.........."ပြောမင်းကျေနပ်လားမကျေနပ်ဘူးလားဆိုတာကို"
ဒေါသပါလာပြီမို့ မထိန်းနိုင်ဘဲအော်တော့သည်။
"ရတယ်လေ။ဒါဆို ဒီပုလင်းကုန်အောင်သောက်ရင် ကျုပ်ခင်များကိုခွင့်လွတ်ပေးမယ်"
"ပြီးရော!!"
စိတ်တိုတိုနဲ့မောင်မောင်ကြွယ်ပုလင်းလိုက်မော့ချလိုက်တော့ သီးတော့မလိုတောင်ဖြစ်သွားသည်။
အဲ့နေ့မှာလည်း သူကြီးနဲ့စိုင်းမောင်တို့ အများကြီးသောက်ခဲ့ကြပြန်သည်။
အိမ်ကိုပြန်တော့ တစ်ယောက်မှ ခြေထောက်မခိုင်ကြတော့။
တစ်ယောက်ကိုတစ်ယောက်တွဲထားကာ ဘယ်ကိုသွားနေကြမှန်းမသိ။
စိုင်းမောင် တစ်ဒုတ်ဒုတ်ထိုးနေတဲ့ခေါင်းကိုကိုင်ရင်း အရှေ့ကလယ်စောင့်တဲကို မြင်လိုက်သည်။
မောင်မောင်ကြွယ်ကိုပွေ့ထားရင်း ထိုတဲကို ရောက်လာကြသည်။ရောက်ခါနီး မောင်မောင်ကြွယ်က သူ့ကိုယ်ကြီးကိုကော့လန်လာ၍ စိုင်းမောင်မထိန်းနိုင်ဘဲ ချောင်းပေါက်စဘေးထဲ ပြုတ်ကျသွားတော့သည်။
"ခင်များငြိမ်ငြိမ်လေးမနေနိုင်ဘူးလားလို့!!"
"အွန်း"
စိတ်တိုရသူမှာသူဖြစ်တာကြောင့် ထိုလူပေါက်စကိုဆွဲဆောင့်လာကာ အဝတ်တွေကို ချွတ်ပေးရသည်။
။။။
အစအဆုံး၃၀၀၀ပါဗျ။