မိုးရွာတဲ့ညတစ်ညမှာ ကောင်လေးတစ်ယောက်ဟာတစ်ဖက်ကဂိုဏ်းနဲ့တိုက်ခိုက်နေသည်။ ကောင်လေးနာမည်ကတော့ ကောင်းကင်တဲ့။ အသက်8နှစ်အရွယ် ကောင်းကင်ဟာ ငယ်စဥ်ကတည်းက သူအယုံကြည်ပြီးချစ်ရတဲ့ မိဘနှစ်ပါးကနေ လိမ်ညာပီ ဂိုဏ်းတစ်ခုကိုရောင်းစားခဲ့ရသည်။အဲ့နေ့ကစပြီး ကောင်းကင်ဟာ ဘယ်သူ့ပေါ်မှယုံကြည်မှုမရှိတော့ဘူး။ ဂိုဏ်းထဲစရောက်တော့ကောင်းကင်ဟာ အသားဖြူပီးမိန်းကလေးရှုံးအောင်လှတဲ့ မျက်နှာလေးကြောင့် အနိုင်ကျင့်ခံရိုက်နှပ်ခြင်းခံရသည်။ တစ်နေ့မှာဂိုဏ်းခေါင်းဆောင်က ကောင်းကင်ကိုပြောလိုက်တဲ့ မင်းဆက်ပီးအနိုင်ကျင့်ခံမာလာ လူတိုင်းမော်မကြည့်ရဲ့လူတစ်ယောက်ဖြစ်အောင်နေမာလားလို့ပြောလိုက်သည်။ အဲ့နေ့ကစပြီး ကောင်းကင်ဟာ တိုက်ခိုက်ရေးလက်နက်ပိုင်းမှာထူးချွန်အောင်လေ့ကျင့်လာသည်။ ဆယ်နှစ်ကြာပြီးနောက် အသက်18နှစ်အရွယ် ကောင်းကင်ဟာ ဂိုဏ်းခေါင်းဆောင်ရဲ့ အယုံကြည်ရဆုံးလက်ထောက်ဖြစ်လာသည်။ ကောင်းကင်ဟာအရယ်အပြုံးမရှိတဲ့ သေမင်းတမန်လို့ ကျော်ကြားလာသည်။ အရင်ကသူ့ကိုအနိုင်ကျင့်ခဲ့တဲ့လူတွေကလည်း မော်မကြည့်ရဲရုံတင်မက နာမည်ကြားရင်ကို လန့်နေကြရသည်။ ကောင်းကင်ဟာရက်စက်ပြီး လူတစ်ယောက်ကိုသွေးအေးစွာ သတ်နိုင်လို့ သေမင်းတမန်လို့ကျော်ကြားသည်။ တစ်ဖက်ဂိုဏ်းကပါကြောက်ရတဲ့လူဆိုလည်းမမှားဘူး။ ဂိုဏ်းေခါင်းဆောင်ကလည်းသားအရင်းတစ်ယောက်ပမာ ချစ်တယ်။ ကောင်းကင်ဟာဘယ်သူနဲ့မှမရော ဘယ်သူ့ပေါ်မှာလည်းယုံကြည်မှာမရှိ မိန်းခလေးတွေကြားမှာ ဘယ်နှင်းဆီပန်းမှ အနားကပ်မခံ အချေမင်းသားလို့နာမည်ကျော်သည်။ တစ်နေ့မှာ ကောင်းကင်ဟာတစ်ဖက်ဂိုဏ်းနဲ့လက်နက်လှည်းလှယ်ပြီးအပြန် ဂိုဏ်းထဲက သစ္စာဖောက်ခြင်းခံရပြီး တစ်ဖက်ဂိုဏ်းရဲ့ခြုံခိုတိုက်ခိုက်ခြင်းခံသည်။ အဲ့နေ့ညဟာမိုးများရွာကျလာကာကောင်းကင်တစ်ခုလုံးမှောင်မိုက်ကအလင်းဆိုလို့ဓာတ်တိုင်မီးသာရှိတယ်။ ကောင်းကင်ဟာ လူဆယ်ယောက်ကိုအသာလေးနိုင်ပင်မဲ့ ဆေးခတ်ခံရသည့်အတွက် အားနည်းကာ ပြန်တိုက်ခိုက်ရတဲ့အတွက်အထိနာနေသည်။ မိုးကျသံနှင့်အတူသတ်နတ်ပစ်သံအဆုံးမှာ လူတစ်ယောက်ဟာ မိုးရေကြားထဲ ကြမ်းပြင်ပေါ်သို့လဲကသွားတော့သည်။ ကောင်းကင်ဟာသူမသေခင် သူဟာဒီဘဝ အချစ်မခံမရ လိမ်ညာမှုတွေကြားမှာရှင်သန်ခဲ့တာ သူ့ဘဝကိုသူစိတ်နာနေခဲ့သည်။ နောက်ဘဝသာတစ်ကယ်ရှိခဲ့ရင် သူကိုတစ်ကယ်ချစ်ပြီး လိမ်ညာမှုမရှိတဲ့ လူတစ်ယောက်ကိုချစ်မိချင်တယ်တဲ့။ အတွေးအဆုံးမှာ ကောင်းကင်ရဲ့မျက်လုံးဟာအမှောင်ကြသွားလေသည်။
YOU ARE READING
စောင့်မျှော်ခဲ့ရသောအချစ်
Mystery / Thrillerမိဘတွေကြောင့်ယုံကြည်မှုပျောက်ဆုံးသွားတဲ့ကောင်လေးတစ်ယောက်ဟာသူဖတ်နေတဲ့ဝတ္ထုထဲမတော်တဆယောက်ရောက်ရှိသွားတဲ့အခါမှာဘာတွေဆက်ဖြစ်သွားမလဲ။