chapter 2

63 7 1
                                    


ဒီနေ့ lao shi က trouble maker ကကွက်တွေကို စသင်ပေးသော်လည်း Liuyaowen နှင့် Zhuzhixin အား တွဲမကခိုင်းပေ။

ထို့အစား dancer များနှင့်သာ တွဲကခိုင်းလေသည်။ပြောတာတော့ အကပိုင်မှပဲ အတူတွဲကခိုင်းမည်ဟု ပြောသည်။

ဘာလိုလိုနှင့် zhuzhixin တို့ dancer များနှင့်တွဲကပြီး တစ်ပါတ်ကြာသော် lao shi က နှစ်ယောက်သား chemistry ပိုမိအောင်ဆိုပြီး ဂျပန်ရိုးရာစားသောက်ဆိုင်သို့ အလည်အပတ်သွားခိုင်းသည်။

အမှန်တိုင်းပြောရရင် zhuzhixin သည် ချုံချင်သားဖြစ်သော်လည်း liuyaowen လောက်အစပ်မစားနိုင်ပေ။ဂျပန်စာစားနေရင်း အစပ်ပါတဲ့ ဟင်းအနှစ်ကို zhuzhixin စားမိသွားသည်။

မျက်နှာရှုံ့မဲ့နေသော Zhuzhixin ကိုကြည့်ပြီး liuyaowen က
" Ah zhi ဘာဖြစ်တာလဲ အစပ်စားမိသွားတာလား"

"ဟုတ်တယ် wen ge "

"ရော့ ရော့ ရေသောက်ထားလိုက် အစပ်ပြေအောင် ဝန်ထမ်းတွေကို အချိုသွားတောင်းလိုက်မယ်" ဟု ဆိုကာအခန်းပြင်သို့ထွက်သွားလေသည်။

တစ်မိနစ်ကျော်ကျော်လောက်တွင် wenge ပြန်လာပြီး လက်ထဲတွင် သကြားလုံးအချို့နှင့် ဖရဲသီးစိပ်ထားသော ပန်းကန်တစ်ချပ်ပါ ပြန်ပါလာသည်။

"အစပ်ပိုပြေသွားအောင် အသီးစားလိုက် ပြီးရင်သကြားလုံးပါငုံထား"

"ဟုတ် wen ge "

"ငါတို့ ဂျပန်ကီမိုနိုလေးတွေဝတ်ကြမလား အမှတ်တရလေးလည်းဖြစ်သွားအောင်ဓာတ်ပုံပါရိုက်ကြမယ်လေ"

Wen ge စကားကြောင့် သူခေါင်းညိတ်ပြီး ဝတ်စုံများထားရာအခန်းတွင် မိမိတို့နှင့် လိုက်ဖက်မည့်ဝတ်စုံအား ရွေးယူကြလေသည်။

တစ်ယောက်တစ်ခန်းဝင်ကာ ဝတ်စုံဝတ်ကြသော်‌လည်း liuyaowen သာပြန်ထွက်လာလေသည်။

"Ah zhi အဆင်ပြေလား"

"ခါးစည်းကြိုးက အဆင်မပြေဘူးရော"

"ဟုတ်လား ငါဝင်လာမယ်နော်" စကားသံနှင့်အတူ လူပါဝင်လာသည်။
ပြီးတော့ ခါးစည်းကြိုးကိုလည်း zhuzhixin အရှေ့မှနေ၍ လက်ကို ခါးနားလျှိုဝင်သာ သေသပ်စွာချည်ပေးသည်။

Liuyaowen ၏ဝင်သက်ထွက်သက်တို့ zhuzhixin ၏ နဖူးပေါ်တွင် ရှိနေသလို zhuzhixin ၏ ဝင်သက်ထွက်သက်တို့ကလည်း liuyaowen ၏ လည်ပင်းတစ်ဝိုက်တွင် ရှိလျက်။

All about you Where stories live. Discover now