အညိုလုံးလေးလိုချင်တာဘာဖြစ်မလဲ။
ပုံမမှန်စွာလှုပ်ရှားနေသောစိတ်တို့နဲ့အတူ ခေါင်မြင့်မြတ် ထိုမေးခွန်းကိုပဲ ကိုယ့်ကိုယ်ကိုမေးနေမိသည်မှာ တနေ့လုံး။
အလုပ်ကိုတောင် ဖြောင့်အောင်မလုပ်နိုင်ပဲ အိမ်ကိုပဲစိတ်ရောက်နေခဲ့သည်မှာ ယခု ရုံးဆင်းသည်အထိပင်။ဟူး... ။
ဟင် ... အိမ်ကဘာလို့မှောင်နေရတာလဲ။Brown ကဘယ်ရောက်သွားတာပါလိမ့်။ မီးများပျက်လို့လား။ အမှောင်ထဲမှာ Brown တယောက်တည်းဆိုသော အတွေးက ကားကိုစက်ပင်မသတ်နိုင်ပဲ ခြေလှမ်းတွေကိုအိမ်ထဲဦးတည်စေသည်။
" Brown "
" Brown.. ကိုယ်ခေါ်တာကြားလား "
" ချောက်.. "
အောက်ထပ်ရှိမီးခလုတ်ကိုနှိပ်လိုက်သောအခါ မီးကလင်းလာသည်။ ဒါဆိုမီးမပျက်ဘူးပေါ့။
မီးမပျက်ပဲ ဘာလို့မှောင်နေရတာပါလိမ့်။" Brown.. Br... "
ခေါင်မြင့်မြတ် အခန်းထဲသို့တံခါးဖွင့်ကာပြေးဝင်လိုက်သည်နှင့် ဦးခေါင်းပေါ်သို့ကြွေလွင့်လာသည့်နှင်းဆီပွင့်ဖတ်များ။ ထိုနောက်..
သာယာလှစွာ ပျံ့လွင့်လာသောပီယာနိုအသံ။ခေါင်မြင့်မြတ် မြင်နေရသည်မှာ အညိုရောင်Suitကိုသေသပ်ကျနစွာဝတ်ဆင်ထားသော Brown က ပီယာနိုခုံပေါ် ရှိလက်ချောင်းသွယ်သွယ်လေးတွေကိုရွေ့နေလေသည်။
ချောမောခံ့ညားသော အသွင်အပြင်နဲ့အညိုလုံးလေးကို
ငေးမောကြည့်နေတုန်းမှာပဲသံစဉ်တို့ငြိမ်သက်သွားသည်။
အညိုရောင်ပုံရိပ်ငယ်လေးက တဖြည်းဖြည်းရွေ့လာပြီး
လက်မောင်းမှတဆင့် ဆွဲခေါ်ကာ ဖယောင်းတိုင်ပုံစံ လျှပ်စစ်မီးသီးလေးတွေဖြင့် အလှဆင်ထားသော စားပွဲဆီဦးဆောင်ခေါ်သွားလေသည်။ ထိုစားပွဲတွင်ထိုင်ပြီးသည်အထိ ခေါင်မြင့်မြတ်မှာ အရာရာကိုမှင်သက်မိနေတုန်း။" ကိုကို "
အညိုလုံးလေးဆီကထွက်လာသော နာမ်စားကြောင့် ခေါင်မြင့်မြတ် ဝဲဘက်ရင်အုံမှာ ကျင်စက်နှင့်အတို့ခံရသကဲ့သို့ပင်။
အညိုလုံးလေးက သူ့ကို " ကိုကို " လို့ခေါ်လိုက်တယ်။
" ကိုကို လို့. .. "