Chapter.4🔞

23.5K 265 4
                                    

Unicode

ချစ်ဇနီးငယ်

Chapter.4🔞

''ဦး...ခြည့်ကိုဘယ်ခေါ်လာတာလဲဟင်''

''ကိုယ်အိမ်မှာအရင်ကအိမ်အကူလုပ်သွားဖူးတဲ့ဇနီးမောင်နှံရဲ့ရွာလေ''

''အော်''

''ကိုယ်တို့တွေရွာလူကြီးအိမ်ကိုအရင်သွားရအောင်...သူတို့ကဒီရွာကလို့ပဲပြောတာ ဘယ်အိမ်ဆိုတာတော့ကိုယ်လည်းမသိဘူး''

''ဟုတ်''

သူကားကိုအရှိန်လျှော့မောင်းရင်းနဲ့ ရွာထဲမှာတွေ့တဲ့သူကိုမေးမြန်းရင်းဖြင့် ရွာလူကြီးအိမ်သို့ရောက်လာခဲ့သည်။

သူတို့ရောက်သွားတော့ရွာလူကြီးကလည်းအရန်သင့်ရှိနေ၍အတော်ပဲဖြစ်သွား၏။

''ဒါကရွာလူကြီးအိမ်လားဗျ''

''ဟုတ်တယ် အန်ကယ်ကရွာလူကြီးပဲ...ဘာကိစ္စရှိလို့လဲကွဲ့''

သူဆန်းရှိုင်းလေးလက်ကိုဆွဲပြီးရွာလူကြီးထိုင်နေတဲ့စားပွဲမှာဝင်ထိုင်လိုက်လေသည်။

''ဒီရွာမှာမိုးစွေနဲ့အေးမြရီဆိုတဲ့ဇနီးမောင်နှံရှိလားဆိုတာသိချင်လို့ပါ ကျွန်တော်တို့ကသူတို့ဧည့်သည်တွေပါ''

''ရှိတယ်မောင်ရင်...ခဏစောင့်နော် ဦးလေးသွားခေါ်ခိုင်းလိုက်မယ်''

''ဟုတ်ကဲ့ ကျေးဇူးပါဗျ''

''ရပါတယ်....မောင်ထွန်းရေ...ဟေ့မောင်ထွန်း''

''လာပြီသူကြီး''

အသံနဲ့အတူအိမ်ထဲကနေပြီး လူလတ်ပိုင်းအမျိုးသားတစ်ဦးထွက်လာသည်။

''ဘာခိုင်းမလို့လဲသူကြီး''

''မိုးစွေနဲ့အေးမြရီကိုသွားခေါ်လာခဲ့...သူတို့ဧည့်သည်ရောက်နေတယ်လို့...နာမည်က...''

''ဝေဟင်ပါ''

''ကြားတယ်နော် ဝေဟင်တဲ့ မြန်မြန်သွားခေါ်လာခဲ့ သွား''

''ဟုတ်ကဲ့သူကြီး''

ထိုလူကခြေဖနောင့်နဲ့တင်ပါး တစ်သားတည်းဖြစ်အောင်ပြေးပြီး ခြံထဲကနေထွက်သွားလေတော့၏။

ဘယ်လောက်မှပင်မကြာလိုက်ပါ။

ခုနကလူနဲ့အတူ မိုးစွေတို့လင်မယားကသူတို့ရှိရာဆီသို့ရောက်လာကြလေသည်။

ချစ်ဇနီးငယ်[completed]Where stories live. Discover now