Part 4

6.9K 336 30
                                        

ဒီနေ့တော့ ယိမ်းရဝီမောင်တစ်ယောက် အစောကြီးနိုးနေလေသည်။ ဘာလို့ဆိုရင် ခင်ထွေးလေးကို ပန်းပေးဖို့ရာ ပန်းခိုးခူးဖို့ရန်အတွက်ဖြစ်သည်။

"ဂိုဂို နှိုးမလာခင် ပန်းခိုးခူးရမယ် ဟဲဟဲ😁"

ဂိုဂိုက စိတ်ကောင်းပေမဲ့ သူ့ပန်းထိရင်တော့ တစ်စက်ကလေး မှမကြိုက်ပါဘူး။ မကြိုက်တဲ့အကြောင်းအရင်းကလဲ ဂိုဂိုက သူစိုက်တဲ့ပန်းပင်ကို သူ့အမျိုးသမီးလေးတစ်ယောက်ထဲ ပန်ဆင်ဖို့ရာအတွက်ဖြစ်ခြင်းကြောင့်ဖြစ်သည်။

မောင်လဲ ဂိုဂို မနှိုးခင် ကပ်ကြေးတစ်လက်ကို ကိုင်ကာ အိမ်ရှေ့က ပန်းခြံနားသို့ ကုပ်ကုပ်ကုပ်ကုပ်နဲ့ အသာလေးလျှောက်လာခဲ့သည်။

"ဒီအပွင့်လေးက မဆိုးဘူးဘဲ အဝါရောင်လေးဆိုတော့ ခင် နဲ့ဆို သိပ်လိုက်မှာဘဲ ဂိုဂိုတော့ သတိထားမိလောက်မှာမဟုတ်ဘူးထင်တယ် ပန်းတွေက ဒီလောက်များတာ မေမေတစ်ယောက်ထဲလဲ ပန်လို့ ကုန်တာလဲမဟုတ်ဘဲနဲ့ ဂိုဂိုကကို အဖြစ်သည်းအားကြီးနေတာ''

ယိမ်းရဝီမောင်တစ်ယောက်ကတော့ သူများပန်းလဲယူသေးတယ် ပါးစပ်ကလဲ ပွစိပွစိနဲ့ အတင်းပြောနေတာလဲမရပ် သူ့အနောက်မှာ အိမ့်ခြူးမောင် ရောက်နေတာကိုတောင် မသိချေ။

ထိုအချိန် အိမ့်ခြူးမောင်မှ ရုတ်တရက် ပြောလိုက်သည်။

''ဒါ ဘာလုပ်နေတာလဲ ရဝီ''

''အမလေးတော့ မြတ်စွာဘုရား ခင်ထွေးလေးနဲ့ ငါနဲ့ညား....အဲ."

"ဟားဟားးဟားးးးးဘာလဲ ခင်ထွေးလေးနဲ့ ငါနဲ့ညား ဟုတ်လား ရဝီ ဟားဟားးဟား''

ယိမ်းရဝီမောင်ရဲ့ အယောင်ကောင်းမှုကြောင့် ဂိုဂိုတစ်ယောက် ခွက်ထိုးခွက်လန်ထရယ်တော့သည်။

ထိုအချိန် ဟိုဘက်ဝိုင်းမှ ခင်ထွေးက မျက်နှာကြီးကို ဆူပုတ်ကာ အိမ်ထဲကိုဝင်သွားတော့သည်။

''ဂိုဂိုနော် မရယ်နဲ့လေ မောင်ဖြင့် လန့်သွားတာဘဲ ''

''လန့်တာကို နောက်မှထား ဟိုမှာ သမီးခင်ထွေးလေးကို သွားချော့ပေတော့ မောင်ရေ ခုနက စိတ်ဆိုးပြီး အိမ်ထဲဝင်သွားတာကို တွေ့လိုက်တယ်''

ဗျို့  မမခင် (Complete) Where stories live. Discover now