EP 33

4.9K 159 35
                                    

Unicode

"လူယုတ်မာ......ခွပ်"

နေလင်းသူ ရုတ်တရက်လမ်းလျှောက်စဥ် မိမိအနောက်ကနေလူတစ်ယောက်က ခန္တာကိုယ်ကိုဆွဲလှည့်ကာ ထိုးလာသည့်အတွက် ရှောင်ချိန်ပင်မရလိုက်ပေ။

"ဟေ့ မင်းဘာလုပ်တာလဲ Security..."

"လွှတ် ကျုပ်ကိုလွှတ် ဒီလူယုတ်မာကိုသက်ပစ်မယ်"

Securityတတစ်ယောက်နဲ့မန်နေဂျာအောင်သူမှာ ဇွဲကိုချုပ်ထားကြပင်မဲ့ ဇွဲကအတင်းရုန်းကန်လို့နေသည်။

အားပါတဲ့လက်သီးချက်ကြောင့် နေလင်းသူနှုတ်ခမ်းထောင့်စပ်ဖြင်းစပ်ဖြင်းဖြစ်သွားကာ သူလက်နဲ့အသာပွတ်ကြည့်လိုက်တော့ လက်မမှာသွေးအချို့ကကပ်ပါလာ၏။ ထိုသွေးတွေကိုကြည့်ရင်း နေလင်းသူ ဟက်ကနည်းရယ်လိုက်ပြီး အချုပ်ခံထားရတဲ့ ဇွဲရဲ့ရင်ဘက်​နား​ကအိင်္ကျီစကိုဆွဲကာ

"မင်းကမြန်း ခွပ်...ခွပ်"

အချုပ်ခံထားရတဲ့ဇွဲကို နေလင်းသူနှစ်ချက်ပြန်ထိုးလိုက်ကာ ဇွဲလည်းနှုတ်ခမ်းထောင့်မှသွေးတွေထွက်လာပြီး ခေါင်းငိုက်ကျသွား၏။ ထိုအခါ နေလင်းသူက လက်နှစ်ဖက်နဲ့အိင်္ကျီစကိုထက်ဆွဲပြီး

"ဟျောင် မော့စမ်း.... မင်းဘာကိစ္စနဲ့ငါ့ပိုင်နက်ထိလာပြီး ငါ့ကိုထိုးတာလဲပြောစမ်း"

"ခင်ဗျားလိုလူကိုထိုးရုံတင်မဟုက်ဘူး သက်တောင်သက်ပြစ်ချင်တာ ခင်ဗျားကလူယုတ်မာ.......ခင်ဗျားကြောင့် ကျုပ်ညီမမှာကိုယ်ဝန်ရှိနေပြီ"

"ဟက်.....မင်းညီမ ဗိုက်ကြီးတာငါနဲ့ဘာဆိုင်လို့လဲ"

"ခင်ဗျားခုမှမသိချင်ယောင်ဆောင်မနေနဲ့ မေသူကိုခင်ဗျားတာဝန်ယူရမယ် ခင်ဗျားယုတ်မာမှုတွက် ခင်ဗျားတာဝန်ယူရမယ်"

ဇွဲရဲ့စကားဆုံးတော့ နေလင်းသူဟားတိုက်ရယ်မောကာ ခက်တင်းတင်းဆုပ်ကိုင်ထားတဲ့ ဇွဲရဲ့အိင်္ကျီစကိုလွှတ်ပေးပြီး

"ဟား....ဟား....မင်းကအရမ်းကိုဟာသပြောတက်တာပဲ။ အဲ့လိုပြောရအောင် မင်းမှာဘာသက်သေရှိလို့လဲ"

ဟုဆိုကာ ခက်ရွဲ့ရွဲ့ပြုံးပြီး ပြောလိုက်၏။ ဇွဲဟာလည်းသူ့ရှေ့က နေလင်းသူကို မီးဟုန်းဟုန်းတောက်နေသောအကြည့်များဖြင့်ကြည့်လေကာ လက်သီးကိုလည်းတင်းနေအောင်ဆုပ်ထားသည်။

The devil in disguiseWhere stories live. Discover now