" ချီးပဲကွာ "
အီဟီဆွန်း စိတ်တိုတိုနဲ့ မှန်ဘေးကနံရံကို လက်သီးနဲ့ အခါခါထိုးလိုက်မိသည်။
* Ting *
ဖုန်းထဲဝင်လာတဲ့ message တစ်ခုကိုကြည့်မိတော့ သူ့ကိုဒီလိုစိတ်တိုအောင်လုပ်လွန်းတဲ့
သူ့ချစ်သူဆီကပင် ၊ ထုံးစံအတိုင်း တောင်းပန်ကြောင်းတွေအစီအရီပို့ထားတဲ့စာတွေပဲ
ဖြစ်နေမှာသိတာကြောင့် screen မှာပေါ်နေတဲ့ message ကို သူမနှိပ်မိတော့ဘူး။ဘေစင်က ရေကိုဖွင့်ချပြီး လက်ဖဝါးတွေနဲ့
ခံယူလိုက်ကာ မျက်နှာသစ်ချလိုက်သည်။
အရှေ့က မှန်မှာပေါ်နေတဲ့ သူ့မျက်နှာသူ
ကြည့်ပြီး တော်တော်ကိုစိတ်ညစ်မိသည်။သူ့မျက်လုံးတွေက စိတ်အရမ်းတိုလွန်းနေ
တာကြောင့် ရဲတွတ်နေကာ လူသတ်တော့မည့်
မျက်လုံးတွေနှင့်တူနေသည်။
ပြီးတော့...အီဟီဆွန်းကိုယ်တိုင်ပင် ဒီလိုမျက်လုံး
တွေကိုမုန်းသည်။ ဒါပေမယ့် ထိန်းချုပ်လို့
ရမနေခဲ့ဘူး ၊ ဒါတွေအားလုံးက သူ့ချစ်သူ
ရှင်းမ်ဂျယ်ယွန်းကြောင့်ပဲ အစချီလာခဲ့တာ။" ကိုကို တံခါးဖွင့်ပေးပါဦး "
အိမ်အောက်ထပ်ကိုဆင်းလာတော့ တံခါးကို
ထုရိုက်ကာ ခေါ်နေတဲ့သူ့ချစ်သူရဲ့အသံကို
ကြားတော့ ဟီဆွန်းမအံ့ဩမိဘူး။
ရောက်မလာဘူးဆိုမှသာ ပိုတိုးပြီး ဒေါသထွက်
မိမယ်ထင်တယ် ။
စိတ်ကိုလျှော့ချကာ တံခါးကိုဖွင့်လိုက်တော့
မြင်လိုက်ရတဲ့ သူ့ချစ်သူလေးက မျက်ရည်တွေ
နဲ့ပင်။" ဘာလာလုပ်တာလဲ ဂျယ်ယွန်း "
" ကိုကို ငါတောင်းပန်ပါတယ်
ငါ ကိုကို့ကို အသိပေးပြီးသွားခဲ့သင့်တာပါ "" မင်းသူငယ်ချင်းတွေက ကိုယ့်ထက်ပိုအရေးကြီး နေတာမို့လား ဂျယ်ယွန်း
အဆင်ပြေပါတယ် ခွင့်တောင်းနေစရာ
မလိုပါဘူး "မဟုတ်ဘူး ၊ တစ်ကယ်က လိုအပ်တယ်။
ဂျယ်ယွန်းရဲ့ နေ့စဉ်ဖြတ်သန်းနေတဲ့ဘ၀မှာ
ဘာလုပ်တယ် ဘယ်သွားတယ်ကအစ
ဂျယ်ယွန်း သူ့ကိုအသိပေးဖို့ လိုအပ်တယ်။
ကြည့်ကောင်းအောင်သာ အီဟီဆွန်းက
မလိုပါဘူး ပြောနေခဲ့တာ ၊ တစ်ကယ်က
အသိပေးခံရဖို့ လိုကိုလိုအပ်ခဲ့တယ်။