Though We Are Different (Ep-8)

1.3K 146 4
                                    

Though We Are Different (Ep-8)

............................................................................

" ဟင်း... ပျင်းဖို့​ကောင်းလိုက်​တာ.. ..
ဒီအိမ်​ကြီး ထဲ ​ရောက်​​နေတာ.. သုံး​လေးရက်​ရှိပြီ...
ဘယ်​မှ မသွားရ.မလာရ.. ဘာမှ မလုပ်​ရနဲ့၊ ဘယ်​ချိန်​ထိ.. ဒီလို​နေရဦးမယ်​. မသိဘူး... "

Changmin က ငြီးတွား ရင်း ​ပြော​လေသည်​။..

"Changmin ah.., ဘာလို့ အဲ့​လောက်​​တောင်​ ငြီး​နေရတာလဲကွာ... ငါတို့​တော့ ဘာမှ မဖြစ်​ပါဘူး.."

Junsu က ခပ်​​အေး​အေး ပဲ ​ပြောလိုက်​သည်​။....

"ဟွန်း...... ဘယ်​ပျင်းနိုင်​မလဲ သူတို့က အတွဲ ကိုယ်​စီ နဲ့ ပြုံး​ပျော်​​နေလိုက်​ကြတာ.. "

Chnagmin က မ​ကျေ မနပ်​​ပြောလိုက်​သည်​။..

သူ​ပြောလည်း. ​ပြောချင် စရာပင်​... Yunho နဲ့ Yoochun တို့ နှစ်​​ယောက်​ ဒီကို ​ရောက်​လာကတည်းက.. Jaejoong ​ရော.. Junsu ​ရော က တတွဲတွဲ နဲ့ အ​ဆင်​ကို ​​ပြေ​နေကြသည်​။..

Jaejoong ဆိုလည်း ကြည့်​...
Yunho မ​ရောက်​လာခင်​ တုန်းက.ဆို အခန်းက အခန်းပြင်​ မထွက်​လို့.. Changmin ခမျာ နည်းအမျိုးမျိုး နဲ့ ကြိုးစားတာ​တောင် မရတာ... အခု​တော့.. Yunho ​ဘေးမှာ ​ပြုံးလို့ ​ပျော်​လို့...

Junsu ကလည်း.. သိပ်​မကွာလှ... အစက ​တော့ ကြည့်​မရလို့ဆိုပြီး တကျက်​ကျက်​ ရန်​ဖြစ်​​နေတဲ့နှစ်​​ယောက်​ .
ခုကျ​တော့ ဘယ်​လို ဘယ်​လို ပြန်​ပြီးအဆင်​​ပြေ​နေလဲ မ​ပြောတတ်​...



...............................

"Yunho..ah.., ဒီမှာ တစ်​​ယောက်​တည်း ထိုင်​ပြီး ဘာ​တွေ စဉ်းစား​နေတာလဲ... "

Yoochun က တစ်​ကိုယ်​တည်း ​ငေး​မောပြီး.. ထိုင်​​နေတဲ့ Yunho နားကို သွားရင်း ​မေးလိုက်​သည်​။..

" ငါတို့ .. ဘယ်​ချိန်​ထိ. ဒီလို ပုံစံမျိုးနဲ့ ​နေရဦးမလဲ. မသိဘူး.. "

Yunho က ​ပြောလိုက်​ရင်း.. သက်​ပြင်းရှည်​ တစ်​ချက်​ ချလိုက်​သည်​။...

" အချိန်​ တစ်​ခု ​တော့ ​စောင့်​ရမှာ​ပေါ့ကွာ...
မင်းက ဘာဖြစ်​လို့လဲ.... "

You've reached the end of published parts.

⏰ Last updated: Aug 01, 2015 ⏰

Add this story to your Library to get notified about new parts!

Though We Are DifferentWhere stories live. Discover now