Episode - 1

2.3K 235 16
                                    

" SuHo..... SuHo..... Yahhhhhh Kim SuHo "

ခေါင်းရင်းရှိ နံရံပေါ်တွင် ကပ်ထားသော speaker ထဲမှ သူ့နာမည်ခေါ်သံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် SuHo တစ်ယောက် မျက်လုံးက မပွင့်သေးသော်လည်း ခန္ဓာကိုယ်က သံပတ်ပေးထားသလို ဆတ်ခနဲ ကုတင်ပေါ်တွင် ထထိုင်ပြီးသား။

" Kim SuHooooooooooo "

ဒုတိယ အကြိမ် အော်သံ အဆုံးမှာတော့ အအေးဒဏ်ကို တောင့်ခံရန် ရစ်ပတ်ထားသော စောင်ပုံထဲမှ ကမန်းကတန်း ထကာ အပေါ်ထပ်သို့ ပြေးတက်သွားလိုက်သည်။

ကျွန်တော့်အခန်းအနေနဲ့ ကြည့်ရင်တော့ ထိုအထပ်က အပေါ်ထပ် ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် တစ်အိမ်လုံးအနေနဲ့ ချုံကြည့်လိုက်ရင်တော့ ထိုအထပ်က အောက်ဆုံးအထပ်ဖြစ်ပြီး ကျွန်တော့် အခန်းရှိရာ အထပ်ကတော့ မလိုအပ်သော ပစ္စည်းပစ္စရာ များ သိုလှောင်ရာ မြေအောက်ခန်းဖြစ်လေသည်။ အင်းးးး သူတို့ကိုယ်တိုင်ကိုက ကျွန်တော့်ကို မလိုအပ်တဲ့ကောင်လို့ သတ်မှတ်ပြီး ဒီအထပ်မှာ နေခိုင်းခဲ့တာကိုး။

အိပ်ချင်စိတ်နဲ့ အတူဝင်ရောက်လာသော နာကျည်းဖွယ်ရာ အတွေးတွေကို ခေါင်းတစ်ချက်ရမ်းကာ ခါထုတ်လိုက်ရင်း အိမ်ကြီး၏ အပေါ်ဆုံးအထပ်သို့ တက်လာခဲ့လိုက်သည်။ ထိုအပေါ်ဆုံးအထပ်က ကျွန်တော့် အတွက် ငရဲပြည်လို့ သတ်မှတ်ရမလား။ လူတွေအတွက်ကတော့ ငရဲပြည်ဆိုတာက ဟိုးကမ္ဘာမြေပြင် အောက်ဆုံးမှာ ရှိနေနိုင်ပေမယ့် ကျွန်တော် Kim SuHo ဆိုတဲ့ သူတစ်ယောက်တည်းအတွက်တော့ အပေါ်ဆုံးတဲ့ အရာတိုင်းက နတ်ဘုံနတ်နန်းတစ်ခု မဟုတ်တာကတော့ သေချာလှသည်။

Su : Nae သူဋ္ဌေး......

~~~ဖြန်းးးး~~~

အပေါ်ထပ်သို့ ခြေချရုံရှိသေး ဖြန်းခနဲ ဆိုသော မြည်သံတစ်ချက်နဲ့ အတူ ဖြူဥနေသော ကျွန်တော်ရဲ့ ပါးပြင်နုနုပေါ်မှာ လက်လေးချောင်းရာကအထင်သား။ ဟုတ်ပါတယ် တစ်ချိန်တုန်းက Kim SuHo ဆိုတဲ့ ကောင်လေးတစ်ယောက်က ပိုးမွေးသလို အပြုအစုခံ အလိုလိုက်ခံခဲ့ရဖူးပေမယ့် အခုချိန်မှာတော့ ဒီလိုရိုက်နှက်မှုတွေက နေ့စဉ်ဓူဝ ကြုံတွေ့နေရတဲ့ အဖြစ်အပျက်တစ်ခုလို ကျင့်သားရနေပါပြီလေ။

My Cinderella StoryWhere stories live. Discover now