Episode - 2

1.7K 227 14
                                    

'' SuHooo ''

Breaktime ချိန်လဲ ဖြစ်လို့ စာကြည့်တိုက် နောက်ဘက်မှာ ရှိတဲ့ အပင်ကြီးဆီမှာ အေးအေးလူလူ စာထိုင်ဖတ်နေတုန်း ကျွန်တော့်နာမည်ခေါ်သံကြားလို့ မော့ကြည့်လိုက်တော့ Lunch box နှစ်ခုကိုကိုင်ကာ ကျွန်တော်ရှိရာသို့ ပြေးလာနေသော Zhang YiXing...... အင်းးး ဟိုတစ်ခါ လှေကားမှာ တိုက်မိကတည်းက ကျောင်းမှာ အပယ်ခံဖြစ်တဲ့ ကျွန်တော် နဲ့ အခုမှ ကျောင်းကိုပြောင်းလာတဲ့ ကျောင်းသားသစ် Zhang YiXing တို့က ဘာရယ်မဟုတ်ဘဲ တွဲဖြစ်သွားကြတာ တစ်လတောင် ပြည့်ရောပေါ့။ တကယ်တော့ တစ်လ ဆိုတဲ့ အချိန်က အလွန်နည်းလွန်းပေမယ့် YiXing ရဲ့ စိတ်ထားဖြူစင်မှုကြောင့် ကျွန်တော် တို့ နှစ်ယောက်က အချိန်တိုအတွင်းမှာပင် တကယ့် သူငယ်ချင်းအရင်းကြီးတွေလို ခင်မင်သွားကြတာ။

Yi : ငါ မင်းကို ကျောင်းထဲမှာ လိုက်ရှာနေတာ နှံ့နေပြီ။ မင်းက ဒီရောက်နေတယ်။

ဝယ်လာတဲ့ Lunch box နှစ်ခုကို မြက်ခင်းတွေပေါ်ချရင်း ကျွန်တော့် ဘေးနား ဝင်ထိုင်ကာ ပွစိပွစိ ပြောနေသော YiXing ကို ကြည့်ရင်း တစ်ခါတစ်လေဆို ဘုရားသခင်ကများ ကျွန်တော့်အထီးကျန်ဆန်မှုကို မကြည့်ရက်နိုင်တော့လို့ လွှတ်လိုက်တဲ့ နတ်သားလေးများလို့ ကြောင်ကြောင်တောင်တောင် တွေးမိဖူးတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူက ဒီကျောင်းကလူတွေနဲ့ မတူဘဲ ကျွန်တော့်အပေါ် အရမ်းကောင်းနေလွန်းတယ်လေ။ အခုလဲ ကြည့် Lunch box ကို ကျွန်တော့် အတွက်ပါ ဝယ်လာပြန်ပြီ။ အဲ့ ဒါကြောင့် Breaktime အချိန်တွေဆို သူ့နားမှာမနေဘဲ ကျွန်တော် လျှောက်သွားနေတတ်တာ။ ဒါပေမယ့်လဲ သူက ကျွန်တော့်ကို မရ ရအောင် ရှာပြီး ရောက်လာတတ်သေးတာဘဲ။

Yi : ဒီနေ့တော့ Lunch box က မင်းအကြိုက်တွေဘဲ SuHo

သူဝယ်လာတဲ့ Lunch box တစ်ခုကို အဖုံးဖွင့်ပြီး ကျွန်တော့် ရှေ့ကို ချပေးတော့ ဖတ်လတ်စ စာအုပ်ကို ပိတ်လိုက်ပြီး သူ့ဘက်သို့ လှည့်ထိုင်လိုက်သည်။

Su : ငါ့အတွက် မဝယ်လာနဲ့လို့ ပြောလဲ မင်းမမှတ်ထားဖူးနော် Zhang YiXing...

ကျွန်တော်ကတော့ သူ့ကို ကြည့်ကာ စိတ်တိုတိုနဲ့ ပြောလိုက်ပေမယ့် သူကတော့ Lunch box ထဲက kimbap တစ်ခုကို ပါးစပ်ထဲထည့်ကာ ဘာမှမကြားသည့်ပုံစံနှင့် စိမ်ပြေနပြေ ထိုင်ဝါးနေလေသည်။

You've reached the end of published parts.

⏰ Last updated: Sep 11, 2015 ⏰

Add this story to your Library to get notified about new parts!

My Cinderella StoryWhere stories live. Discover now