(Season-2)Part-8

2K 193 11
                                    

          Suနံရံကိုအားပြုရင်းအသိစိတ်​လွတ်​​နေတဲ့လူလို​ဆေးရုံ​ခေါင်​မိုးထပ်​ကိုသာဦးတည်​​နေသည်​..ဗိုက်​ခွဲထားတာမို့ချုပ်​ရိုး​တွေက​သေ​မတတ်​နာကျင်​လာပြီး​လောကကြီးနှင့်​ခဏတာအဆက်​အသွယ်​ပြတ်​သွားသည်

            ~~~~~~~~~~~~~~~~~~~~~~~~~

         Su​ဆေးရုံကဆင်းလာတာတစ်​ပတ်​​ကျော်​ပြီ..​ဆေးရုံမှာထဲကKrisကိုစကားမ​ပြော..အိပ်​ခန်းထဲကကုတင်​​ပေါ်မှာထိုင်​ပြီးသူ့သမီး​လေးအတွက်​ကြိုတင်​ဝယ်​ထားခဲ့တဲ့အရုပ်​​လေးကိုသာကိုင်​ရင်းတစ်​​ယောက်​တည်း​နေသည်​..အစားလည်းသိပ်​မစား​တော့...

        Kris Suကို​နေ့လည်​စာ​ကျွေးဖို့အခန်းထဲဝင်​လာ​တော့Suကအရုပ်​​လေးကိုသာပိုက်​ပြီးပြတင်း​ပေါက်​ကို​ငေးကြည့်​​နေသည်

Kris-"Su..ထမင်းစားရ​အောင်​​လေ"

       Suက​တော့လှည့်​​တောင်​မကြည့်​..Kris Suကိုယ်​​လေးကိုသူ့ဘက်​သို့ဆွဲလှည့်​ပြီး..

Kris-"ထမင်းစားရ​အောင်​​လေ..babeကလိမ္မာပါတယ်​"

       Su Krisကိုညှိုးငယ်​တဲ့မျက်​ဝန်းတစ်​စုံနဲ့စိုက်​​ကြည့်​​နေခဲ့သည်​..ပြီးမှမျက်​နှာလွှဲပြီးမျက်​ရည်​ဝိုင်း​နေတဲ့မျက်​ဝန်းတစ်​စုံကပြတင်း​​ပေါက်​အပြင်​သို့သာ​ငေး​နေသည်

Su's POV-သမီး​လေးရယ်​..အခု​ကောင်းကင်​ဘုံမှာအဆင်​​ပြေရဲ့လား..ommaမရှိလို့​ကြောက်​​နေလား..ommaအပြစ်​​တွေပါ..ommaကမ​ကောင်းတဲ့အ​မေပါ..သမီးappaကိုommaမုန်းချင်​တယ်​..သူ့​ကြောင့်​ommaနဲ့သမီး​လေးကွဲရတယ်​..ဒါ​ပေမယ့့်​omma​ပြောမထွက်​ခဲ့ဘူး..ကိုယ့်​သားသမီးဆုံးရှုံးသွားတာ​တောင်​omma​လေ..သူ့အနားမှာဘဲ​နေချင်​မိတယ်​...ommaရူးသွားပြီနဲ့တူပါတယ်​.....

           Krisအခန်းတံခါးကိုပိတ်​ပြီးအခန်းအပြင်​ဘက်​မှာထိုင်​ချရင်း...မျက်​လုံးစုံမှိတ်​ကာသက်​ပြင်း​တွေပဲချ​နေမိသည်​...​ဆေးရုံမှာထဲကသူ့ကိုစကားမ​ပြော..အာရုံ​ကြော​တွေများထိခိုက်​မိလို့လားဆိုပြီးဆရာဝန်​နဲ့ပြကြည့်​​တော့စိတ်​​ကြောင့်​တဲ့..စိတ်​ဒဏ်​ရာ​တွေ​ကြောင့်​စကားမ​ပြော​တော့တာတဲ့...ဘာ​တွေကများမင်းကိုဒီ​လောက်​​တောင်​စိတ်​ထိခိုက်​​စေတာလဲSuရယ်​...

Second GodWhere stories live. Discover now