Chapter - 2

864 90 2
                                    

Jongin ကို ချစ်တဲ့အချစ်တွေကြောင့် Kyungsoo နှလုံးသားလည်း တစ်စစီကြေမွနေခဲ့ပါပြီ။ သူက Jongin ကို အစအဆုံးမရှိတဲ့ အချစ်မျိုးနဲ့ ကိုချစ်ခဲ့တာ... Kyungsoo က Jongin ကိုသူ့ရဲ့ပထမဆုံးချစ်သူဖြစ်သလိုနောက်ဆုံးချစ်သူလည်း ဖြစ်စေချင်ခဲ့တာ... သူ့နှလုံးသားကို ဖွင့်နိုင်ခဲ့တဲ့သူက Jongin ဖြစ်ခဲ့သလို သူ့နှလုံးသားကိုပိတ်ပြီး သော့ခတ်နိုင်တဲ့သူကလည်း Jongin ပဲဖြစ်စေရမယ်လို့ Kyungsoo က ဆုံးဖြတ်ထားခဲ့တာ။ Jongin ကလွဲလို့ နောက်ထပ် ဘယ်သူ့ကိုမှ သူမချစ်ချင်တော့ဘူး။ Jongin ဟာသူ့ကမ္ဘာပဲ.....!

Jongin အတွက်လည်း ဘယ်အရာကမှ Kyungsooထက်အရေးမကြီးဘူး။ နောက်ထပ် စကြာဝဠာတစ်ခုမှာ လူဖြစ်ခဲ့မယ် ဆိုရင်တောင်မှ သူအမြဲချစ်နေမယ့်သူက Kyungsooပဲ....

----------------------------------------------

'Kyungsoo Hyung, တကယ်လို့ ကျွန်တော် ဒီကမ္ဘာကြီးကို နောက်ထပ်မြင်ခွင့်မရတော့ဘူး ဆိုရင်တောင်မှ Hyung ကိုချစ်နေဦးမှာပဲ။ တကယ်လို့ ကောင်းကင်ဘုံကို ရောက်သွားခဲ့မယ်ဆိုရင်လည်း Hyung ရဲ့Guardian Angel အဖြစ်နဲ့ Hyung ကို စောင့်ရှောက်ပေးနေမှာ သိလား?' Jongin က သူ့ရင်ဘတ်ပေါ်မှာ ခေါင်းလေးမှီထားတဲ့ Kyungsoo ဆံပင်လေးတွေကို ပွတ်သပ်ပေးရင်းနဲ့ သူ့ဆန္ဒတွေကို ပြောနေခဲ့တယ်။ဒါပေမဲ့ Kyungsoo က Jongin ကိုသူ့ရဲ့Guardian Angle အဖြစ်ရှိစေချင်တာမှ မဟုတ်တာ...... သူမမြင်နိုင်, မထိတွေ့နိုင်, မကြားနိုင်တဲ့ ၀ိညာဉ်တစ်ခု အဖြစ်နဲ့ ရှိမနေစေချင်ဘူး...... သူကိုယ်တိုင်ထိတွေ့ကိုင်တွယ်လို့ရတဲ သက်ရှိလူသား တစ်ယောက်အဖြစ် ရှိနေစေချင်တာ... ဒါမှသူတို့ မင်္ဂလာဆောင်ပြီး ရည်မှန်းထားတဲ့ အနာဂတ်မိသားစုလေး တည်ဆောက်လို့ရမှာပေါ့! အခုတော့ သူ့မျက်နှာလေးကို Jongin ရင်ခွင်ထဲအပ်ပြီး အသံတိတ် ငိုကြွေးနေခဲ့ပါတယ်...

'နေမကောင်းတာကို ဖုံးကွယ်ထားခဲ့မိလို့လည်း တောင်းပန်ပါတယ်နော်, Hyung! ကျွန်တော်က Hyung စိတ်ဆင်းရဲမှာကို မလိုလားခဲ့ရုံ သက်သက်ကြောင့်ပါ~ Hyung ပြုံးပျော်နေတာကိုပဲ မြင်ချင်နေခဲ့တာ!'..... Jongin ပြောသမျှကို နားထောင်ရင်း ရှိုက်သံမထွက်မိအောင် Kyungsoo တစ်ယောက် နှုတ်ခမ်းကိုပဲ အသေဖိကိုက်ထားမိတယ်။

'ပြီးတော့လေ...ဟိုတလောတုန်းက ကျွန်တော်တို့ အနာဂတ်အိမ်လေးပုံကို Hyung အကြမ်းဆွဲထားတဲ့ စာရွက်လေးရှိသေးတယ်မလား?'

သူက... သွားတော့တဲ့Where stories live. Discover now