Part (1)

934 78 2
                                    

မင်္ဂလာရှိတဲ့ နံနက်ခင်းတခုက
အခုတော့ ကျွန်တော့်အတွက်
မင်္ဂလာမရှိတဲ့နေ့တနေ့ ဖြစ်လို့သွားခဲ့ပြီ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

At Operating Room,

Wedding Dress အဖြူရောင်ဝတ်စုံ နဲ့ ကောင်မလေး ချောချောတယောက် ခွဲစိတ်ခန်းထဲမှာ ငြိမ်သက်စွာလဲလျောင်းလျက်ရှိနေသည်။

ဆရာဝန်ကြီးတွေအားလုံး လက်လျော့ လိုက်ကြကာ

ကောင်မလေးရဲ့ မိသားစုတွေကိုအကြောင်းကြားပြီး သူတို့လည်း စိတ်မကောင်းစွာနဲ့ ထွက်သွားကြတယ်။

***ဒါပေမဲ့ဆရာဝန်ကြီးတွေသတိမထားသွားမိတာတချက်ကတော့ ခွဲစိတ်ခန်းထဲက ကောင်မလေး ရဲ့ နှလုံးသား မသေဆုံးသေးဘူးဆိုတာ ကိုပါပဲ***

ဒါကလဲ ဆရာဝန်ကြီးတွေရဲ့အမှားတခုမဟုတ်

ဘာလို့လဲဆိုတော့ ကောင်မလေးရဲ့နှလုံးသားက သူ့ချစ်သူကောင်လေးအတွက်ပဲရှင်သန်နေတာကြောင့်ရယ်ပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Man - သားဘာမှစိတ်မပူနဲ့နော် သားခွဲစိတ်ပြီးရင် သူများတွေလိုမျိုး ပြေးနိုင်တော့မှာပါ။
fighting my son.

Women - ဟုတ်တယ်သားလေး။ သား နောက်ပိုင်းဆို မာရသွန်တောင်ဝင်ပြိုင်လို့ရပြီ။

Yeol တချက်ပြုံးလိုက်ပြီး ခွဲခန်းထဲဝင်သွားတယ်။

Doctor - yeol's appa ကော omma ကော စိတ်မပူပါနဲ့ ကျွန်တော်တို့ အကောင်းဆုံး ခွဲစိတ်ပေးမှာပါ။ နောက်ပြီး အလှူရှင် ကောင်မလေးကိုပဲ ဆုတောင်းပေးလိုက်ကြပါနော်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အရပ်မြင့်မြင့်ကောင်လေးတယောက် ဆေးရောင်မခြောက် သေးတဲ့ ချစ်သူကောင်မလေးရဲ့ အုတ်ဂူဖြူဖြူလေးရှေ့မှာ ရပ်ပြီးကြေကွဲဝမ်းနည်းမှုအပြည့်ဖြင့် မျက်ရည်များကျဆင်းလို့နေရှာသည်။

သူအရမ်းချစ်ရတဲ့ ကောင်မလေးနဲ့ လက်ထပ်မဲ့ နေ့မှာမှ ကံတရားက ရက်စက်စွာဖြင့် သူမကို အဝေးဆုံးနေရာပို့လွှတ်လိုက်တာဆိုတော့ကား

Kris' prov ; Yeon
ကိုတို့တွေ နောက်ထပ်ဘဝတွေမှာလဲ ထပ်ဆုံတွေ့ကြမယ်နော်။ ဒါပေမဲ့ ခုလိုမျိုးအဖြစ်ဆိုးမျိုးနဲ့တော့ဘယ်တော့များမှ မကြုံရပါစေနဲ့တော့ကွယ်။ Yeon ရဲ့ နှလုံးသားလည်း နောက်ဘဝတွေထိ ကို့ ကို ချစ်နိုင်ပါစေလို့ကိုဆုတောင်းပါတယ် Yeon ...

မိုးသားတိမ်တိုက်တွေကအုံ့ဆိုင်းညို့မှိုင်းလာပြီး ဝမ်းနည်းတဲ့အရိပ်ရောင်အပြည့်နဲ့ မကြာမှီမှာပဲ ချစ်သူကောင်လေးနည်းတူ အသည်းအသန် ငိုကြွေးပြီး ရွာသွန်းလျက်ရှိသည်။

Kris - Yeon တယောက်ထဲ မိုးရေထဲမှာ အေးနေမှာပဲနော် . ဒါပေမဲ့ စိတ်မပူပါနဲ့
ကို Yeonဘေးနားမှာ ရှိနေပေးမှာပါ ။

အဆက်မပြတ် အသည်းအသန် ရွာသွန်းနေတဲ့ မိုးရေများနဲ့ အတူ ကောင်လေးတယောက် အုတ်ဂူဖြူဖြူလေးရှေ့မှာ လဲကျပြီး
နောက်ဆုံးမှာတော့ 

ခဏတာ အိပ်စက်ခြင်းစီသို့ ------------------------

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နဂို ဇာတ်လမ်းကိုနဲနဲ ပဲ မှီငြမ်းပြီးရေးထားတာပါ ။ အဲ့ဒါကြောင့် ဖတ်ရတာ အဆင်မပြေရင် Galaxy လွှတ်ပါနော်။ နောက် Part တွေကိုလည်းအားပေးပါအုံးလို့။ All my reader 90°Bow.

သေဆုံးမသွားသော နှလုံးသားWhere stories live. Discover now