'Sehunnah~ မနက်စာစားသွားဦးလေ'
'နောက်ကျနေပီ Omma သားသွားတော့မယ်နော်'
ညက အတွေးတွေနယ်ချဲ့နေတော့ မနက် အိပ်ရာထနောက်ကျပီလေ တကယ်ပဲ အဲ့ဒီ Luhanဆိုတဲ့ ကောင်ချောလေးတစ်ယောက်ကြောင့် တိကျသေချာပါတဲ့ ကျွန်တော် ကဘောက်တိ ကဘောက်ချာတွေ ဖြစ်ကုန်ပီ မင်းဘာလဲ ငါ သိမှဖြစ်တော့မယ် Luhan!
ကျောင်းရောက်တော့ ခေါင်းလောင်းတောင်ထိုးနေပီ ကျွန်တော် အသားကုန်ပြေးလာရင်း'ဟေ့ ဟေ့ ခဏ! ခဏ!'
နောက်မှ လှမ်းခေါ်တဲ့ အသံ! ကျွန်တော့နားထဲမှာ မစိမ်းနေတဲ့ အသံ ဟုတ်တယ် သူ့အသံပဲ! ပြေးနေတဲ့ ကျွန်တော့ခြေလှမ်းတွေ ရုတ်တရက် ရပ်လိုက်ပီး နောက်ကို လှည့်ကြည့်လိုက်တော့
'မင်းစာအုပ်တစ်အုပ် ပြုတ်ကျကျန်ခဲ့လို့~ မောတာကွာ ဘာလို့အဲ့လောက်တောင် အသဲသန် ပြေးလာတာလဲမသိဘူး'
ကျွန်တော့စာအုပ်ကို လက်ထဲ ထိုးထဲ့ပီး ဗျစ်တောက် ဗျစ်တောက် ရေရွတ်ကာ သူ ရှေ့ကနေ လျှောက်သွားတယ်
'ဟေ့ ဘာလုပ်နေတာလဲ ကျောင်းနောက်ကျတော့မယ်လေကွာ'
လောကကြီးနဲ့ အဆက်သွယ်ပြတ်နေတဲ့ ကျွန်တော် သတိပြန်ရလာတဲ့ လူနာလို ကြောင်တောင်တောင်လေးနဲ့ သူ့နောက်ကိုအပြေးလေး လိုက်လျှောက်သွားတယ် ဒါ ကျွန်တော်တို့နှစ်ယောက်ရဲ့ ဒုတိယမြောက် စကားပြောဆိုခြင်းပေါ့
အတန်းထဲ ရောက်တော့ Jong Inက နေရာကနေ လှမ်းနှုတ်ဆက်တယ် မျက်နှာကလဲ ဖြီးလို့~ အော် သူ မနေ့က အဆင်ပြေလာတယ်ထင်တယ် ကျွန်တော်တို့ အကုန် ကူညီတာမှ မပြေရင်လဲ~~'Hunnah~~ ရောက်ပီလား? နောက်ကျတယ်နော် ဆရာတောင် နှုတ်ဆက်ပီးပီ'
'အင်း အိပ်ယာထနောက်ကျလို့'
'နေ့လည်ကျရင် မနေ့ညနေက ကိစ္စပြောပြမယ် လောလောဆယ် ဆရာ လှမ်းကြည့်နေတယ်'
'အင်း သိပီ'
ကျွန်တော် သူ့ကို လှမ်းကြည့်လိုက်တော့