Boy in Luv (EPI-2)

846 98 11
                                    

Hyorin ရဲ့ စကားကြောင့် HoSeok ဆွံ့အသွားမိသည်။

သူမ ဒီလိုပြောလိမ့်မယ်လို့ လုံးဝထင်ထားခဲ့တာ

HoSeok: No..noona

သူမကို ကြည့်လိုက်တော့ တောင်းပန်တိုးလျှိုးနေသော မျက်ဝန်းတွေနှင့်

Police: ရဲစခန်းကို လိုက်ခဲ့ပေးပါ

အဲဒီနေ့က ကျွန်တော်အပျော်ဆုံးနေ့လို့ ထင်ခဲ့တာ

ကျွန်တော် အရမ်းဖြစ်ချင်တဲ့ Idolဖြစ်ခွင့်ရမယ့်နေ့

ဒါပေမယ့် ခုလိုအဖြစ်မျိုး ဖြစ်လိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ

စခန်းရောက်တော့ အမှုဖွင့်ပြီး စစ်ဆေးခဲ့တယ်။

တစ်ဦးတည်းသော သက်သေဖြစ်တဲ့ အတိုက်ခံရတဲ့
ကောင်မလေးက မသေဘူးတဲ့

ဒါပေမယ့် side effect အနေနဲ့ comaဖြစ်သွားတယ်

တရားရင်ဆိုင်တော့

ကျွန်တော့် နားတောင် ကျွန်တော် မယုံနိုင်အောင် ဖြစ်ခဲ့ရတယ်။

Noona

ဟုတ်ပါတယ် ကျွန်တော့်ရဲ့ Noona

ကျွန်တော်အရမ်းချစ်တဲ့ Noona

အမြဲ ချိုသာတဲ့စကားတွေပြောခဲ့တဲ့ Noonaရဲ့ နှုတ်ခမ်းက မုသားဆိုတဲ့ အဆိပ်ထက်ပြင်းတဲ့ စကားလုံးတွေ ပြောထွက်ခဲ့တယ်။

မဖြစ်ခဲ့တဲ့ ကိစ္စတစ်ခုကို လုပ်ကြံဖန်တီးပြီး ပြောနိုင်လောက်တဲ့အထိ ဘာတွေကများ Noonaကို ပြောင်းလဲစေခဲ့တာလဲ။

ကျွန်တော်အစက မသိခဲ့ပါဘူး။

အဲဒီနောက် ကျွန်တော့် ဘဝတစ်ခုလုံး ပြောင်းလဲစေမယ့် ကိစ္စကြီး ကျရောက်လာခဲ့တယ်

နစ်နာသူဘက်က တရားစွဲလိုက်တာပါ

မကျူးလွန်ခဲ့တဲ့ ကိစ္စတစ်ခုအတွက် ပေးဆပ်ရတော့မှာလား

ဒါထက် ပိုပြီးခံပြင်းစရာကောင်းတာက အမှုရဲ့ မျက်မြင်သက်သေအဖြစ် ထွက်ဆိုခဲ့တဲ့သူက ဘယ်သူလဲ သိရဲ့လား။

Noona ကျွန်တော့်ရဲ့ ချစ်လှပါချည်ရဲ့ဆိုတဲ့ Noona

အားလုံးပြီးဆုံးသွားတဲ့တော့ ကျွန်တော် ထောင်ကျခဲ့တယ်

You've reached the end of published parts.

⏰ Last updated: Oct 13, 2015 ⏰

Add this story to your Library to get notified about new parts!

တော်ဝင်ပန်းမို့ မနမ်းထိုက်ပါWhere stories live. Discover now