part 13

5.5K 495 18
                                    

Baek's pov; မနက်မိုးလင်းတော့ သူမရှိတော့ဘူး...အင်းလေ..
သူပြန်သွားတာနေမှာပေါ့... ကျွန်တော်အထင်မှားခဲ့တာနေမှာပါ
သူ့အပေါ်အစ်ကိုလိုခင်တွယ်မှုကို ငယ်သေးတဲ့အရွယ်မို့
အချစ်လို့ထင်မိခဲ့တာနေမှာပါ ...
ခုကျွန်တော်လည်းရင့်ကျက်သင့်သလောက်ရင့်ကျက်နေပြီ။
ဟူးးးးး

Baek ကျောင်းသွားဖို့ပြင်ဆင်ပြီး မနက်စာ နွားနို့ပဲသောက်မလို့
မီးဖိုချောင်ထဲဝင်လာတော့
စားပွဲပေါ်မှာ yeol ကမနက်စာပြင်ပေးထားခဲ့တယ်လေ...
ပြီးတော့စာတစ်စောင်~~

" baek ... hyung ဟင်းချက်ဖို့လိုတာတွေသွားဝယ်တယ်...
ကျောင်းကိုဂရုစိုက်သွားနော်... စောစောလည်းပြန်လာခဲ့ဦး
ကလေးကြိုက်တာကိုယ်ချက်ပြီးစောင့်နေမယ်...
                                               အရမ်းချစ်တယ်…"

ဘာလဲ??? သူကကျွန်တော်ပြောတာလက်မခံဘူးဆိုတဲ့သဘောလား???
တကယ်စိတ်ညစ်လာပြီ...
**Baek's ph ring**

" omm...yurin ah ~"

"မလာသေးဘူးလား နောက်ကျတော့မယ်လေကွာ.."

"လာပါပြီ ခဏလေးစောင့်!"
Baek yurin ဆီသို့အပြေးသွားပြီး သွားခေါ်ရသည်။
"ဘယ်လိုဖြစ်ပြီးပြေးလာတာတုန်း!"
"ကိုယ့်ချစ်သူလေးစောင့်နေမှာဆိုးလို့ … လာ သွားမယ်"
"Aigoo... ပိုကိုပိုတယ်.."
"ချစ်တာကိုးးး"
(မပြောသေးဘူး ကျိနေတယ် -___-)
ပျော်ရွှင်စွာထွက်သွားချစ်သူနှစ်ယောက်~~
တစ်ယောက်လက်ကိုတစ်ယောက်တွဲလို့...
မြင်ကွင်းလေးက မနက်ခင်းအလှနဲ့အတူ အလှပြိုင်နေတာ...
သို့သော် ဘယ်လောက်လှလှ yeol အတွက်တော့ အဲ့မြင်ကွင်းက
ခါးသီးလွန်းလှသည်။
// hyung...ချီ..//
// hyung လွမ်းတယ်ဆိုမှပဲ ...//
// hyung ကိုအရမ်းချစ်တယ် .....//
// hyung.... ဘာလို့ ph မဆက်တာလဲ
ဒီမှာဘယ်လောက်လွမ်းနေလဲသိလား??? hyung မကောင်းဘူးကွာ
မုန်းတယ် ဟင့်!//
ကျွန်တော့ကိုဆိုသိပ်ချစ်တဲ့ကလေးလေး....
ကျွန်တော့ကိုဆို သိပ်ဆိုးတဲ့ကလေးလေး..
ကျွန်တော်တွဲခဲ့ဖူးခဲ့တဲ့လက်လေး....
ကျွန်တော်ူနမ်းခဲ့ဖူးတဲ့နှုတ်ခမ်းလေး...ခုတော့...ခုတော့...

ကလေးဆိုးလေးWhere stories live. Discover now