*PART-6*

550 65 11
                                    

ိကျွန်မ အမြဲမြဲလိုလို ကို သူ့ဆိုင်ရောက်ဖြစ်ပါသည် school library ဝင်ပြီး အပြန်ကျရင် စောစော
ဝင်တာပေါ့လေ အရင်ကတော့ စာအုပ်တွေနဲ့အလုပ်
ရှုပ်နေကြ...သူမ ခုတော့ သူမသူ့ကို သွားချောင်းရတာနဲ့ မုန့်ဝယ်သလိုလို သူ့ကို စကား သွား ပြောရတာနဲ့တင် သူမအချိန်တွေ ပြည့်နေလေ တော့သည် ဟိဟိ နေ့တိုင်းချည်း သွားစကားပြောနေ
လို့မိန်းကလေးအနေနဲ့ မသင့်တော်ဘူးလေ မိန်းကလေးသိက္ခာတော့ ရှိရမှာပေါ့နော် တော်ကြာ ဒီကောင်မလေး တော်တော်ရွနေလား ဆိုပီး စိတ်ညစ်သွားရင် သေရောပဲ သူနဲ့စကားမပြောတဲ့နေ့
တွေဆို ဆိုင်ရှေ့ကဘဲ ချောင်းရုံပေါ့နော်

တစ်ခါတစ်လေ လေကျွန်မ မနာလိုဝန်သိပ်ဖြစ်တာပဲ သူ့ဆီကို လာတဲ့သူက ယောကျာ်းလေးcustomer
ထက် မိန်းကလေးcustomerက ပိုများတယ်လေ
သူတို့ကလဲ သူမလိုဘဲ သူ့ကိုလာငမ်းကြတာ အရမ်း
အမြင်ကတ်ဖို့ကောင်းတယ် သိလား ဟိုတစ်လောက
ဆို တက္ကသိုလ်ပထမနှစ်ကျောင်းသူသာသာလေးတွေ
သူ့ဆိုင်ကိုလာကြတယ် ကျွန်မအဲဒိနေ့က ဆိုင်ထဲမဝင်
ပါဘူး အပြင်ကနေ ငမ်း အဲဟုတ်ဝူး ချောင်းရုံပါ အထဲ
ကို မဝင်ဖြစ်ဘူးပေါ့နော် အဲဒိနေ့က အဲဒိကောင်မလေး
နှစ်ယောက် စတာပါလာ လာဝယ်ကြတယ် ကျောင်း
မှာ ဆရာမတွေအတွက် သစ်သီးလှီးရင်း ဓားရှလို့တဲ့
အနာကလည်း မရှိစလောက် ပုရွက်ဆိတ်လောက်
တောက် မရှိပါဘူး ပုံကြီးချဲ့နေကြတာလေ ဒင်းတို့က
ဝယ်ပြီး သူ့ကို ကပ်ခိုင်းကြတယ် သူကလဲအဟုတ်မှန်
လို့ကပ်ပေးရှာတယ် သူက 'နာနေလား'မေးတော့
emergencyတင်ရမလိုဘဲ မျက်ရည်တွေနဲ့ အား
ခနဲ အင်းခနဲ လုပ်နေတာ သိပ်အမြင်ကတ်ဖို့ကောင်း
တာပဲ ကျွန်မအဲဒီနေ့ကဆို တော်တော်လေး သဝန်တို
တာပါ ညတစ်ညလုံး အိပ်လို့တောင်မပျော်ခဲ့ပါဘူး အဲ
ဒါဘာဖြစ်လို့လဲ သိလား သူ့ကို စိတ်ဝင်စားလို့ သူ့ကို ဟိ ဘယ်လိုပြောရမလဲ ချစ်လို့ပေါ့နော် အာ့ကြောင့် စိတ်တိုတာပေါ့ သဝန်တိုတာပေါ့နော်

သူက ကျွန်မကြိုက်နေတာကို သိချင်မှသိမှာပါ ခင်တာ
သိပ်မကြာသေးပေမဲ့ သူငယ်ချင်းတွေဖြစ်သွားကြလေ
သည် ဖုန်းပြောဖြစ်တယ် ဆိုင်ကို ကျွန်မလာရင်တွေ့
ဖြစ်တယ် ဒီလောက်ပေါ့ သူ့ဘက်က သီးသန့်အပြင်
ခေါ်ပြီး တွေ့ဖြစ်တာတော့ မရှိပေမဲ့ မမျှော်လင့်ထား
တဲ့ဒီနေ့မှာ သူက ကျွန်မကို ဖုန်းဆက်ပြီး အပြင်ထွက်ဖို့
ကို ချိန်းတယ်~

*YOU'RE MY FLASHLIGHT*Tahanan ng mga kuwento. Tumuklas ngayon