Prologue

16.4K 584 6
                                    

တွေ့ဆုံမှုတိုင်းမှာ ရေစက်ဆိုတာ ပါပြီးသား ...

တမင် ဖန်တီးထားတဲ့ တွေ့ဆုံမှုတွေတောင် တစ်ခါတစ်ရံ တစ်စက္ကန့်လေးအတွင်း လွဲချော်သွားတတ်သလို ...
ကံတရားရဲ့ ဖန်တီးမှုကြောင့် လူနှစ်ယောက်ဟာ တစ်စက္ကန့်လေးအတွင်း တူညီတဲ့ နေရာတစ်ခုမှာ မလွဲမသာ တွေ့ဆုံရတတ်တယ် တဲ့ ...

" Ahn Jae Hee "

အဲ့ဒီ နာမည်သုံးလုံးဟာ အခုထိတိုင် ကျွန်တော့် ဘဝတစ်ခုလုံးကို သိမ်မွေ့စွာ ချုပ်နှောင်ထားတုန်း .. ။

ကျွန်တော့် အသွေးအသားများနဲ့ ထပ်တူကျလျက် ရှိတုန်း .. ။

ကျွန်တော့် ရင်ခုန်သံတွေကို နူးညံ့စွာ စိုးမိုးနေတုန်း .. ။

အချိန်ဆိုတာ နာရီပေါ်မှာ ဖြတ်သန်းပြေးလွှားနေတဲ့ ဂဏန်းအက္ခရာတွေ သက်သက်ပဲ ထင်ရဲ့ ...

" ပထမဆုံးအချစ်ကို ဘယ်တော့မှ မမေ့ဘူး " ဆိုတဲ့ လူတွေရဲ့စကားအတိုင်း ...
နှစ်ကာလတွေ ဘယ်လောက်ပဲ ကြာသွားကြာသွား အဲ့ဒီ နာမည်ကိုသာ ရေရွတ်မိရင် ဟောဒီ နှလုံးသားတစ်စုံဟာ ခွင့်ပြုချက် မရှိ ပူနွေး​လာနေတုန်း .. ။

ရှောင်လွှဲခွင့် မကြုံခင် ဆန်းကြယ်စွာ တွေ့ဆုံခဲ့ကြတယ် ... ။

မျက်ရည် လည်မတတ် ... အသည်း နင့်မတတ် ...

ချစ်ခဲ့ကြတယ် ... ။

ပိုင်ဆိုင်ခွင့် ရထားတယ် ဆိုတဲ့ အသိတစ်ခုတည်းနဲ့တင် ...
အတူ ဖန်တီးခွင့် ရတဲ့ နေ့ရက်တိုင်းဟာ အလွန်တရာမှ လှပလွန်းခဲ့တယ် ... ။

ဆုံးရှုံးဖို့ဆိုတာ ကျွန်တော်တို့နှစ်ယောက်ရဲ့ အဘိဓာန်ထဲမှာတော့ ဘယ်တုန်းကမှ မရှိခဲ့ဖူးသယောင် ... ။

ခေါင်းအစ ခြေအဆုံး နတ်သမီးလေးတစ်ပါးလို ဖြူစင်လွန်းတာကြောင့် Jae Hee အစား " Ahn Jae " လို့ ကျွန်တော် ချစ်စနိုး ခေါ်တဲ့ သူမ ...

ကျွန်​​တော်​့ စကားဆို မှန်​သည်​ဖြစ်​​စေ မှားသည်​ဖြစ်​​စေ တစ်​​သွေမတိမ်​း ​ခေါင်​းညိမ်​့တတ်တဲ့ သူမ ...

အမြဲတမ်​း ပြုံး​နေလေ့ ရှိ​တဲ့ သူမ ...

ကျွန်​​တော်​့ ဆန္ဒ​တွေကို ဘယ်​​တုန်းကမှ မငြင်းဆိုခဲ့ဖူးတဲ့ သူမ ...

If I Have A Chance To Love You (Completed)Where stories live. Discover now