24) The perfect good-bye

2.4K 215 40
                                    

Haein's P.O.V

တစ်နာရီ ခွဲ ....

နှစ်နာရီ ....

နှစ်နာရီ ခွဲ ....

ရပ်တန့်ခွင့် မရှိတဲ့ နာရီလက်တံတွေဟာ လက်ယာဘက်သို့ တရွေ့ရွေ့ ခရီး နှင်ဆဲ။

သုံးနာရီ ....

သုံးနာရီခွဲ ....

ဒီနေ့ Event ၏ နောက်ဆုံးအလှည့်ကျ ဖျော်ဖြေသူကိုတောင် ကြေညာနေနှင့်ပြီ။

မကြာခင် ပြီးဆုံးပျောက်ကွယ်သွားတော့မည်။

ဒီနေ့ ကျင်းပခဲ့သော Event နှင့်တကွ တလှပ်လှပ် လှိုက်ဖိုခဲ့သည့် ရင်ခုန်သံအချို့ရယ်၊ မျှော်လင့်ချက် ရောင်ခြည်တွေရယ်။

ပျော်ရွှင်စရာ အဆုံးသတ် ဆိုတာ နတ်သမီးပုံပြင်တွေထဲမှာပဲ ရှိတတ်တဲ့ အရာလား ?

ဒါမှမဟုတ် ပျော်ရွှင်မှု ဆိုတာ နဂိုကတည်းက ကျွန်မလို အညတရ တစ်ဦးနှင့် မထိုက်တန်ခဲ့ခြင်းလား ?

လှလှပပ ဝတ်စားဆင်ယင်ထားသူများသည် သူတို့ ကိုယ်ပိုင် SNS ပေါ် တင်ဖို့ ကိုယ်စီ ကိုယ်စီ Selca တွေ အလုအယက် ရိုက်၊ ပြုံးပျော်နေကြစဉ် Back Stage ၏ ထောင့်ကလေးတစ်နေရာ၌ ကျုံ့သေးစွာ ခပ်ကုပ်ကုပ် ထိုင်နေသော မိန်းကလေးတစ်ယောက်အား ဘယ်သူဘယ်ဝါမှ အဖက်လုပ် မြင်ယောင်ကြလိမ့်မည် မထင်။
သူမ ပါးပြင်ထက် တသွင်သွင် စီးဆင်းကျနေတဲ့ အဲ့ဒီ မျက်ရည်စက်တစ်ချို့ကိုရောပေါ့။

ဘာကြောင့် ရူးမိုက်စွာ တစ်ထစ်ချ ယုံကြည်ခဲ့မိသလဲ ?
သေချာပေါက် လာပါ့မည် ဟု ကတိသက်သေ ခံထားခြင်းမျိုးလည်း မရှိခဲ့ဖူးပဲနဲ့။

📩 Haein- ah

လက်ထဲ ကိုင်ထားသည့် ဖုန်းထံမှ Vibrate ဖြစ်သွားတာကြောင့် ထို ဖုန်း နည်းတူ ခန္ဓာကိုယ်တစ်ခုလုံး ဆတ်ခနဲ တုန်ရီသွားသည်။

မျက်ရည်များကြောင့် ဝေဝါးနေသော အမြင်အာရုံတို့သည် Screen ပေါ်က နာမည်တစ်ခုကိုတော့ သဲသဲကွဲကွဲ ဖတ်နိုင်အောင် ကူညီ၏။

📩 ကိုယ် ဒီနေ့ မလာတော့ဘူး

📩 စောင့်မနေနဲ့တော့နော်

ရှိုက်ခနဲ နင့်သီးစွာ အသံထွက် ငိုကြွေးမိကာမှ အနာ မကျက်သေးသည့် နှလုံးသားတစ်စုံဟာ ပိုမိုလို့ နက်နက်ရှိုင်းရှိုင်း ကျိန်းစပ်လာသဖွယ်။

If I Have A Chance To Love You (Completed)Where stories live. Discover now