Part 1

1.8K 169 2
                                    

အေးချမ်းလှတဲ့မနက်​ခင်း​လေးမှာ ချမ်းစိမ့်​စိမ့်​တဲ့ရာသီဥတုနဲ့ ​south korea အတွက်​​တော့ ​​အေးခဲ​နေတဲ့အသွင်​မဟုတ်​ဘဲအနည်းငယ်​အချမ်း​​ပေါ့​နေတဲ့အတွက်​ လူတိုင်းလိုလို တက်​တက်​ကြွကြွနဲ့မိမိတို့ရဲ့လုပ်​ငန်းတာဝန်​​တွေကို အသီးသီးလုပ်​ကိုင်​​နေကြချိန်....

Exodus high school အတွင်းမှာ​တော့ ​အေးချမ်း​နေတဲ့ရာသီဥတုနဲ့မလိုက်​ဖက်​စွာ ​ချွေးတရွှဲရွှဲနဲ့ ​တစ်​​နေရာရာကိုဦးတည်​ပြီး ​ပြေးလွှား​နေတဲ့​ကောင်​​လေးတစ်​​ယောက်​က​တော့ ဘယ်​သူ့ကိုမှဂရုမစိုက်​အားပါဘူး ​ခြေ​ထောက်​​တွေကလည်း​​ ​ပြေးလွှား​နေတဲ့အပြင်​ ပါးစပ်​ကလည်းတတွတ်​တွတ်​နဲ့ရွတ်​​နေပါ​သေးတယ်

'' omma ကလည်း ဒီ​နေ့မှ ​ကျောင်းစတက်​ပါတယ်​ဆိုမှ ​စော​စောမနှိုးဘူး ခု​​တော့​ကျောင်း​နောက်​ကျပြီ ''

ပြောရင်းဆိုရင်းလမ်း​ကွေ့တစ်​​နေရာအ​ရောက်မှာ ​အရှိန်​နဲ့​ကွေ့လိုက်​တာ​ကြောင့်​ ​ရှေ့ကလာ​နေတဲ့သူကိုဝင်​တိုက်​မိပါတယ်​...

သူကနည်းနည်းပုတယ်​ တိုက်​မိတဲ့​ကောင်​​လေးက​တော့အရပ်​အရှည်​ကြီးပဲ ​ရှေ့တည့်​တည့်​ကဝင်​​ဆောင့်​တာဆို​တော့ သူက အရပ်​ရှည်​ရှည်​​ကောင်း​လေးရဲ့ရင်​ခွင်​ထဲကို​ရောက်​သွား​ရော....

သေ​သေချာချာ​မော့ကြည့်​မိ​တော့ တစ်​​လောကလုံးသူ့လုပ်​စာထိုင်​စားရတဲ့ရုပ်​နဲ့ကြည့်​​နေ​တော့ ​ဒေါသကအ​တောင့်​လိုက်​ထွက်​လာ​ရော အဲ့​တော့လည်း​အော်​လိုက်​တာ​ပေါ့....အမှန်​တကယ်​​တော့ လူကြားထဲမှာမို့လို့ရှက်​ရမ်းရမ်းတာပါ...

'' ဒီမှာ မင်းလမ်းကိုဘယ်​လို​လျှောက်​လာတာလဲ လူတစ်​​ယောက်​လုံး​ကွေ့လာတာကိုမမြင်​ရ​အောင်​ကန်း​နေလား ​နောက်​ကျ​နေပါပြီဆိုမှ ဒီ​နေ့ကံကိုဆိုးတယ်​''

တစ်​ဖက်​က​ကောင်​​လေးက​တော့ သူ့ကို​ကြောင်​တက်​တက်​က​လေး​ငေးကြည့်​လို့
ဘာပြန်​​ပြောရမှန်းမသိတာဖြစ်​ပါလိမ့်​မယ် ဝင်​တိုက်​တာကသူ ပြန်​​အော်​​တော့လည်းသူပဲ​လေ ရန်​​တွေ့တာများနှုတ်​ခမ်းတလန်​ပန်းတလန်​နဲ့ သူပြန်​​ပြောချိန်​မရဆို ဟို​ကောင်​​လေးက ​အော်​ပြီးတာနဲ့ ချက်​ချင်းထွက်​သွားတာဆို​တော့လည်း ....

Frozen HeartDonde viven las historias. Descúbrelo ahora