~ Seven ~

3.3K 393 26
                                    

ည နေ ငါးနာရီခွဲ Sehunလာ

ခေါ်မယ်ဆိုလို့ ၄နာရီခွဲလောက်

တည်းက ကျွန်တော်ရေချိုး

ပြင် ဆင် ထားလိုက်တယ်။

မ နေ့ညက ဒီနေ့အတွက်

ကြိုတွေးနေမိတာကြောင့်

တော်တော်နဲ့အိပ်မ ပျော်ဘူး။

ကျောင်းပိတ်ထားတာကြောင့်

မနက်နောက်ကျတဲ့အထိ

အိပ်လို့ရလို့သာ တော်သေးတယ်။

နို့မို့ဆို မျက်တွင်းဟောက်ပက်

ဖြစ်နေမှာ။ တစ်နေ့လုံးလေး

လံထိုင်းမှိုင်းနေရင်းက ရေချိုး

လိုက်တော့ လန်းသလိုလို

ရှိသွားတယ်။ ဒါပေမဲ့လည်း

ကျွန်တော့်ရင် ထဲက အပူမီးကို

တော့ မငြှိမ်းသတ်နိုင် ပါဘူး။

ကျွန်တော် ချစ် ရသူက

တခြားတစ်ယောက်ကို ချစ်ကြိုက်ကြောင်း

ဖွင့်ပြောချိန်မှာ ဘယ်လို ခံနိုင်

ရည်မျိုးနဲ့ ကျွန်တော် ဘေးက

နားထောင်နေရမလဲ?

ငယ်စဉ်က အချစ်ဝတ္ထုတွေဖတ်တဲ့

အခါ ကျွန်တော် အမြဲ စိတ်ကူး

ယဉ်မိတယ် ကိုယ်တကယ်ချစ်

ရသူနဲ့ တစ်ဘဝလုံး လက်

တွဲသွားချင် တယ်လို့။

ငယ်စဉ်က ကြယ်ကြွေတာ

မြင် ရင် ဆုတောင်းမိတယ်

ကျွန်တော် အချစ်ရေးကံ

ကောင်းသူဖြစ်ပါစေလို့။

ဒါပေမဲ့ ကျွန်တော် ယောင်္ကျား

လေးတစ်ယောက်ကို ချစ်မိသွား

မယ်လို့ တစ်ခါမှလည်း စိတ်ကူး

မယဉ်ဖူးဘူး ဆုလည်းမ

တောင်းဖူးဘူး။ ကိုယ်မျှော်လင့်

Why did I fall in love with you?<Luhan Ver.>Where stories live. Discover now