You

203 11 0
                                    


စာ​မေးပွဲ​ဖြေဖို့စာလုံးဝမကျက်​ချင်​တဲ့ကျွန်​မ..သူရဲ့"စာကျက်​ပါ ​ခေးစာကျက်​မှဖြစ်​မှာ"လို့​ပြောတဲ့စကားတစ်​ခွန်းနဲ့တင်​ စာကျက်​ချင်​စိတ်​ဖြစ်​လာခဲ့တယ်​ ကျွန်​မနဲ့အသက်​၅နှစ်​နီးပါးကွာတာမို့ ကျွန်​မကိုက​လေးတစ်​​ယောက်​လိုအမြဲဂရုစိုက်​​ပေးတယ်​ ​နေပူပူမိုးရွာရွာထီးမ​ဆောင်းတဲ့ကျွန်​မအတွက်​သူအမြဲတမ်းထီး​ဆောင်း​ပေးတယ် ​ထမင်းလည်းသိပ်​မစား ဟင်းလည်းဂျီးများတဲ့ကျွန်​မကို သူ​ချော့​မော့ကာအမြဲ​ပြောပြီး အာဟာရဖြစ်​​အောင်​စားဖို့တိုက်​တွန်းတယ်

City martတစ်​ခုနဲ့နီးတဲ့ကျွန်​မအိမ်​နားကိုသူအမြဲလာတယ်​ ​ကျောင်းမသွားဘူးလားလို့​မေးရင်​ ​ခေးကိုမုန့်​ဝယ်​​ကျွေးမလို့ မုန့်​စားပြီးရင်​​ကျောင်းပြန်​သွားမယ်​လို့အမြဲ​ပြောတတ်​တယ်

ice creamဆို vanillaမှကြိုက်​တဲ့ကျွန်​မ သူ့​ကြောင့်​chocolateနဲ့milkအရသာ​တွေကို ကြိုက်​တတ်​လာတယ်

ငယ်​ငယ်​ထဲကtom boyတစ်​​ယောက်​မို့ မပြင်​မဆင်​ဘဲ​နေတတ်​တဲ့ကျွန်​မကို ​ခေးကမိန်းမဆန်​ဆန်​​လေး​နေရင်​အရမ်းလှတာပဲတဲ့..သူ့စကား​လေးတစ်​ခွန်း​ကြောင့်​ကျွန်​မအရမ်းလှချင်​လာခဲ့တယ်​ ငယ်​ငယ်​ထဲက​ယောင်​လို့​တောင်​မကိုင်​တဲ့မိတ်​ကပ်​ဘူးနဲ့နှုတ်​ခမ်းနီတစ်​ခုက ကျွန်​မအိတ်​ထဲမှာသွား​လေရာ ပါလာတယ်

ရှင်​ကျွန်​မကို အရမ်းပြုစားလွန်းတယ်​ကိုကို.....

My feeling My loveWhere stories live. Discover now